part-6

5.8K 108 0
                                    

ဦးကချစ်လူဆိုး
🌺အပိုင်း-၆🌺
"ဟင်...ရှင် မွန့်ပေါ်ကဖယ်ပါ...ဖယ်"

မွန်ရှက်ရမ်းရမ်း၍အတင်းကျုံးထလိုက်ရသည်။
နှစ်ယောက်လုံးရေတွေစိုရွှဲ၍မွန်
ရင်ဘက်ကိုလက်နှစ်ဖက်ကာသလိုထွေး
ဖက်လိုက်ပြီး.ဆံပင်တွေထိုးသပ်နေသော
သူ့အားတချက်မျှကြည့်ကာထိုရေချိုးခန်းထဲကနေ
ပြန်ပြေးထွက်လာခဲ့သည်။

နောက်ကနေဆက်လိုက်လာတဲ့သူက...

"ဘာတွေရှက်နေတာလည်း မင်းကကိုယ့်မိန်းမပါ"

"ဘယ်သူကရှင့်မိန်းမလဲ"

မွန်ရန်လေးပြန်တွေ့ရင်းမှအဝတ်စားလဲရန်
ဗီဒိုကိုဖွင့်ကြည့်တော့အားလုံးက
ယောင်္ကျားအင်္ကျီတွေဖြစ်သည်။

"အင်္ကျီ...မွန်အင်္ကျီလိုတယ်"

လွှမ်းဖွဖွလေးပြုံးပြီးဗီဒိုထဲကသူမဒူးခေါက်ထိ
ရောက်နိုင်လောက်မဲ့ရှပ်အင်္ကျီအဖြူကို
ထုပ်ပေးလိုက်သည်။

"အင်္ကျီတွေကိုယ့်တပည့်ကိုဝယ်ခိုင်းလိုက်မယ်
မင်းဒါလေးအရင်ဝတ်လိုက်"

မဝတ်ချင်လဲဝတ်ရမည်မို့မွန်ဆွဲယူလိုက်ရသည်။
အပေါ်ပိုင်းကဗလာကျင်းနဲ့ခန္ဓာကိုယ်ကြီးကို
မွန်မကြည့်ရဲစွာကျောပေးလိုက်ပြီးအင်္ကျီကို
လဲလှယ်ဝတ်ဆင်လိုက်သည်။
အင်္ကျီကကြီး၍ဒူးထိရောက်သော်လည်း
အထဲ၌ဘားမှမပါ၍မွန်နေရတာတမျိုးကြီး
ဖြစ်နေသည်။

ဒါကိုရိပ်စားမိတဲ့လွှမ်းတိုးတိုးရယ်၍

"အဆင်ပြေပါတယ် ဘားမှမဖြစ်ဘူး
ကိုယ့်မျက်စိထဲမှာမင်းကဘယ်လိုပဲနေနေ
ချစ်ဖို့ကောင်းတယ်"

မွန်တည်ကြည်စွာပြောနေတဲ့သူ့ကို
မျက်စိစွေကြည့်ရင်းရင်ဘက်ကိုလက်နှစ်ဖက်နဲ့
ပိုက်ကာကာရံထားမိသည်။

ဗီဒိုထဲကအင်္ကျီထုပ်၍လှဲလှယ်ဝတ်ဆင်
လိုက်ကာကြယ်သီးကိုကိုယ်တိုင်ကိုယ်ကျမတပ်ပဲ
မွန့်ရှေ့လျှောက်လာ၍...

"တပ်ပေး"

"ဟင်ဘာလို့တပ်ပေးရမှာလဲ"

"မင်းတပ်ပေးတာခံချင်လို့လေ"

"ရှင်ဘယ်လိုတောင်အနိုင်လာကျင့်နေတာလည်း
ကြယ်သီးများကိုယ့်ဘာသာတပ်လဲရတဲ့ဟာကို"

ဦးကချစ်လူဆိုးWhere stories live. Discover now