part-3

6.5K 148 1
                                    

ဦးကချစ်လူဆိုး
🌺အပိုင်း-၃🌺
"သမီးလေးမှာကိုယ်ဝန်ရှိနေတယ်"

"ရှင်!!!"

ဒေါ်တမာမျက်လုံးအစုံပြူးကျယ်သွား၍
ရင်ဘက်ကိုဖိကာထိပ်လန့်၍သွားသည်။

"မဖြစ်နိုင်တာ မဖြစ်နိုင်ဘူး
သေချာစမ်းကြည့်ပါအုံးဆရာမရယ်
သမီးလေးကအပျိုနုနုထွဋ်ထွဋ်လေးပါရှင်
ဘယ်လိုလုပ်ကိုယ်ဝန်ရှိပါ့မလဲ"

"ကျွန်မစမ်းပြီးပြီ ဒေါ်တမာ သမီးလေးမှာ
ကိုယ်ဝန်နှစ်လနီးပါးရှိနေပြီ"

"အို....."

ဒေါ်တမာမျက်နှာတစ်ခုလုံးခြောက်ခြားသွားရသည်။
မျက်ရည်တွေလည်းကျကာဆောက်တည်ရာမရ
ဖြစ်နေချိန် အင့်ခနဲငိုသံကြောင့်
လှည့်ကြည့်လိုက်ကြတော့သူမဗိုက်လေးကို
လက်နဲ့ဖွဖွအုပ်ကာမျက်ရည်ကြနေသည့်
မွန်...

"အမေ...သမီးကြောက်တယ်"

ငိုသံဗလုံးဗထွေးနဲ့ပြောပြီးရင်ခွင်ထဲ
တိုးဝင်လာသောသမီးဖြစ်သူကိုဒေါ်တမာ
အပြစ်မတင်ရက်ခဲ့ပေ။
ပခုံးလေးကိုသာတင်းတင်းပြန်ဖက်ပေးရင်း...

"ဘယ်တက်နိုင်မှာလဲသမီးရယ်
ဖြစ်လာမှတော့အကောင်းပေါ့
သမီးနဲ့မေမေပြီးရင်စကားသေချာပြောကြမယ်နော်"

ဒေါ်တမာ ဆရာဝန်မကြီးအားဦးညွှတ်လိုက်၍...

"ခုလိုလာကြည့်ပေးတာကျေးဇူးတင်ပါတယ်
ဆရာမကြီး"

"ရပါတယ် စကားအေးဆေးပြောကြပေါ့
ကျွန်မကိုခွင့်ပြုပါအုံး..."

ဒေါ်တမာကိုနှုတ်ဆတ်၍ဆရာဝန်မကြီး
ပြန်သွားသည်။ဒီမိသားစုနဲ့သွေးရင်းတွေလို
ဖြစ်နေသောစိမ်းသွယ်ကမွန်နဲ့အတူလိုက်ငိုလေသည်။

မွန်မျက်ရည်လေးတွေနဲ့ရှိုက်ရင်း...

"မွန်တောင်းပန်ပါတယ်မေမေ
မွန်တကယ်မသိဘူး...သူဘယ်သူလည်း
ဘယ်ကလဲဆိုတာ...အဲ့ညကမွန်အမူးလွန်သွားတာ
မိုးလင်စလာတော့မွန့်ဘေးမှာလူတယောက်
ရှိနေတယ်...အဟင့်...
မွန်အရမ်းကြောက်ပြီးပြေးထွက်လာခဲ့တာ"

စိမ်းသွယ်ကယခုမှသိသွားတဲ့ဟန်နဲ့...

"ဒါဆိုနင်အဲ့ကိစ္စကြောင့်အိမ်မှာပုန်းနေခဲ့တာလား"

ဦးကချစ်လူဆိုးWhere stories live. Discover now