ep : 1

1.7K 90 8
                                    

unicode

မှတ်မှတ်ရရ အဲ့ဒီနေ့က ၂၀၁၆ ခုနစ်
စက်တင်ဘာလရဲ့ သောကြာနေ့ ညနေခင်းတစ်
ချိန်ပေါ့....။

လွယ်ထားတဲ့ လွယ်အိတ်စိမ်းဖန့်ဖန့် ရဲ့လွယ်
အိတ်ကြိုးနှစ်ဖက်ကို တင်းတင်းဆုတ်ကိုင်ရင်း
သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ တစ်နေရာကို
ဦးတည်နေတယ်။

ရီမောကာ စကားတွေ အပြန်အလှန်ပြောနေခဲ့ရင်း
အတော်တန် ဝေးလှတဲ့ လမ်းလျှောက်လာရသည့်
အကွာအဝေးကိုပင် မေ့လျော့မှန်းမသိ
မေ့လျော့သည်ထိ။ ညောင်းတယ်ညာတယ်ရယ်လို့လဲ မငြီးငြူမိ။

လေပြေနုနုတွေရဲ့ကျီစယ်မှု့တွေကလည်း လူကို
ပေါ့ပါးစေတယ်လေ။ လမ်းဘေးထောင့်က
သစ်ရွက်ခြောက်လေးတွေကို တက်နင်းရင် ထွက်ပေါ်လာတဲ့ တချွတ်ချွတ် အသံလေးတွေက သူ့အတွက်
စိတ်ဝင်စားစရာတစ်ခုဘဲ။

လမ်းတစ်လျှောက် အချိုးကွေ့ မှာ မုန့်ဆိုင်တန်းတွေရှိ
တာမို့ ဗိုက်ဆာချင်စရာကောင်းတဲ့ အနံ့
အသက်တွေက ညနေခင်းရဲ့ အနားယူချင်စရာ
လူနေမှု့ ဘဝကို ဖော်ပြတာမို့ သူသဘောကျစွာ
ပြုံးမိတယ်။

တရုတ်နိုင်ငံကနေ ကိုရီးယားကို ကျောင်းပြောင်း
လာရတဲ့ ငယ်သေးတဲ့အရွယ်လို့ပြောရနိုင်တဲ့
၁၂နှစ်အရွယ် သူ့အဖို့ အပြောင်းအလဲတွေကြား
ဘာသာစကားလည်းသိပ်အခက်အခဲမရှိတာမို့
နေသားကျဖို့လွယ်ကူခဲ့တယ်။

သူက ကျောင်းပြောင်းလာလို့ ကျောင်းအသစ်မှာ
စိတ်ဓာတ်ကျပြီး ခုံထောင့်လေးမှာ ထိုင် ငိုင်နေမဲ့
သူတစ်ယောက် မဟုတ်...အခြေအနေတိုင်းကို
လက်ခံနိုင်ပြီး အကောင်းဘက်ကဘဲ တွေးမြင်
တတ်တဲ့ သူတစ်ယောက် ဖြစ်တဲ့ အပြင်
ပျော်ပျော်နေတတ်တယ် ဖော်ရွေတယ်
ဖြစ်သမျှကိုလဲ စိတ်ထဲ serious မထားတတ်ဖူး။

မေမေတို့ သွန်သင်မှု့တွေအောက်မှာ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတဲ့ သူမို့ မေမေတို့က သူ့ကိုယုံကြည်တယ်။ စိတ်ချတယ် ။ ယုံကြည်အောင်လည်း ယုံကြည်မှု့တစ်ခုကိုတည်ဆောက်ပြခဲ့တာမို့ ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ချုပ်ချယ်တာမရှိဖူး။

unexpected love // jeongriWhere stories live. Discover now