ep : 6

605 74 99
                                    

unicode

မင်ဆောန်းတို့မိဘတွေအစား ဂေဟာမှာလုပ်အားပေးရတဲ့ နေ့ရက်တွေကလည်းကုန်ပြီ။ တက္ကသိုလ်ပြန်ဖွင့်ဖို့က
လည်း ၂ရက်သာအလို။ ရှေ့တစ်ပတ်ကျရင်ကျ ဟိုမေတ္တာတုံးနဲ့ထပ်တွေ့ရမဲ့ကျောင်းသားဟောင်းတွေ့ဆုံပွဲ။

စာရေးစားပွဲပေါ်က တင်ထားတဲ့ ပြက္ခဒိန်အသေးလေးကိုလှန်လှောကြည့်ရင်း ထိုနေ့စွဲတွေမှာ လုပ်စရာရှိတာတွေကိုလိုက်ရေးပြီး အစီစဉ်ချနေတဲ့ ရစ်ခီဟာ သူ့ကမ္ဘာထဲမှာသူကူးလူးလို့။

ကျောင်းသားဟောင်းတွေ့ဆုံပွဲကိစ္စအတွက်လဲ
မင်ဆောန်းကိုအကွက်ရွှေ့ဖို့ ဂယူဘင်းနဲ့ ကြိုတင်ပြီး လက်ဝါးချင်းရိုက်ထားပြီးသား။ ဒီပွဲအကြောင်းကိုသူသိလို့မဖြစ်လေ။ နောက်ပြီး ယုံကြည်မှု့ဆိုင်ရာပြဿနာရှိတာမို့ ပွဲနီးရင်တော့ ထပ်ပြီး ဂယူဘင်းကို သေချာအောင် ပြန်သတိပေးရဦးမည်။

"ဘယ်အရာမှထင်သလောက်မလွယ်ပါလား လောကကြီးရေ"

အဖက်ဖက်ကနေလိုက်တွေးပြီး အကာအကွယ်ယူ ကြံဖန်နေရတာ ဦးနှောက်တွေလဲ မရှိတော့သလောက်ဘဲ။ ချစ်မိတဲ့စိတ်လေးတစ်ခုကြောင့်သာ ရှေ့
ဆက်တိုးနေမိတာ နမို့သာဆို ဒီလောက် အာရုံ
နောက်တဲ့ကိစ္စ ခေါင်းထဲကိုထည့်ဖို့ အတွေးတောင်
ဝင်မိမှာမဟုတ်ဘူး။

"အဲ့တာ အီဂျောင်ဟျွန်း ခင်ဗျားကြောင့် သိလား ခင်ဗျားကြောင့်"

နောက်ကျောပြင်ကျယ်ပုံတွေရယ် အအေးခွက်ပုံတွေရယ် ဦးထုတ်ခပ်ငိုက်ငိုက်ဆောင်းထားပြီး မျက်နှာမမြင်ရတဲ့ ပုံတွေနဲ့ပြည့်နေတဲ့ လူတစ်ယောက်ရဲ့ ig profile ကိုကြည့်ရင်းကျုံးဝါးနေတာ ဖုန်းscreen
ပေါက်ကွဲထွက်မတက်။

"ကံတရားကလည်း ဖန်တီးပေးတတ်တယ် ဒီလူနဲ့မှ
ဒီအသုံးမကျတဲ့ နှလုံးသားကလည်း ဒီလူကိုမှ သွားချစ်မိတယ်...ahhhhh မုန်းလိုက်တာ အီဂျောင်ဟျွန်းရေ!!!!!!"

သူမကြိုက်တဲ့ပုံစံနဲ့ မုန်းလိုက်တာသာထိုင်ထိုင်အော်နေမိတာ လူကတော့ တစ်ဖက်က replyကို
ထိုင်စောင့်ရင်း ဟိုရောက်ရောက် ဒီရောက်ရောက်
လျှောက်လုပ် လျှောက်တွေးနေတာလေ။

unexpected love // jeongriWhere stories live. Discover now