unicode
မပြောရသေးတဲ့စကားကိုသူကြားပြီး မတောင်းရသေးတဲ့အဖြေကိုသူရခဲ့တယ်...။
ရင်ဘတ်အပေါက်နဲ့ လူတစ်ယောက်လိုမျိုး
ခံစားချက်ဟာ ဗလာနထ္ထိ။ အိမ်ပြန်လမ်းက ဒီနေ့မှ
ပိုတိတ်ဆိတ်နေတာလား သူ့စိတ်ကဘဲဖြစ်နေတာလားမသိ။လမ်းမကြီးမှာတော့ လူသွားလူလာကတော့ မပြတ်သေးပေမဲ့ အိမ်အပြန်လမ်းကြားလေးကတော့ လမ်းဘေးခွေးလေး တစ်ကောင် နှစ်ကောင်နှင့် သူတစ်ယောက်သာရှိသည်။လမ်းကြားက မီးရောင်ဖျော့ဖျော့ကြားထဲ
အရိပ်လေးတစ်ခုကဦးတည်ရာကိုတစ်ဖြည်းဖြည်းဆက်သွားနေတုံး။ အချိန်တွေဟာနှောင့်နှေးနေခဲ့
သလို ခြေလှမ်းတွေကလည်း ပေါ့ပါးမနေခဲ့။လေးပင်ပြီး ငိုချင်စိတ်တွေကကြီးစိုးနေပေမဲ့
ငိုချပစ်ဖို့ထိတော့ သူ့ကိုယ်သူခွင့်ပြုမိမှာမဟုတ်။
သူက ပန်းနဲ့ပေါက်တာ ကိုယ်ကခေါင်းနဲ့ကျလို့မဖြစ်..တင်းခံနေတဲ့စိတ်ရဲ့စကားလုံးမပါတဲ့ကဗျာတွေကို
သူနားလည်ပါတယ်။ ဝမ်းနည်းတယ် ဟုတ်တယ် အမှန်အတိုင်းပြောရရင် သူတအား ဝမ်းနည်းနေခဲ့တာ...ဒါက ဖြစ်သင့်တဲ့အခြေအနေမျိုးဘဲ မဟုတ်လား။
ကိုယ့်အပူနှင့်ကိုယ်တောင်ပင်ပန်းနေရတာ နောက်
ထပ်အပူတစ်ခုက အိမ်တိုင်ရာရောက် ရောက်နေ
မယ်လို ရစ်ခီဘယ်လိုမထင်ထားမိခဲ့။ဒူးနဲ့ မျက်နှာကိုအပ်ကာ အိမ်ရှေ့ခြံတံခါးဝမှာ ငုတ်တုတ်ထိုင်နေတဲ့ သားကောင့်သားက နာဂျယ်ဟီး ဖြစ်တယ် ဆိုတာ အကြွင်းမဲ့။ လှပ်ခနဲဖြစ်သွားတဲ့ ခံစားချက်က မကောင်းတဲ့အရိပ်အယောင်ကို
ဆောင်မှန်း ရစ်ခီနားလည်လိုက်သည်။ခပ်သုတ်သုတ် သူ့နားကို တိုးကပ်သွားတော့ အရက်နံ့တွေကလည်း ဟောင်းဟောင်းထလို့။ မူးနေပေမဲ့ လူရောက်လာတာတော့ သိပုံဘဲ မော့ကြည့်လာတဲ့ ရီဝေဝေမျက်လုံးတွေက ခပ်ရဲရဲ။
ရစ်ခီ အထွေအထူးပြောမနေဘဲ သူ့လက်ကောက်ဝတ်ကို ဇတ်ခနဲဆွဲကိုင်ရင်း အိမ်နဲ့ ခပ်လှမ်းလှမ်း
တစ်နေရာကို ဆွဲခေါ်သွားတော့ ရုန်းကန်နေတဲ့
နာဂျယ်ဟီးက ဆွဲထားတဲ့သူ့လက်တွေကို
ရှိသလောက်အားနဲ့ ခါချတယ်။