ep : 8

454 55 77
                                    

unicode

တစ်ခါ နှစ်ခါ သုံးခါ....အင်း ရှောင်ထွက်သွားပြန်ပြီ။

ရစ်ခီသူ့ကို ပစ်ပစ်ခါခါရှောင်ရှောင်ထွက်သွားတာ အရမ်းသိသာလွန်းတယ်။ အဲ့နေ့ကစပြီးနောက်ပိုင်းပေါ့....။

ကျောင်းမှာ ရုတ်တရက်တွေ့ရင်တောင် မျက်နှာလွှဲသွားတတ်တယ်။ အိမ်ကိုလဲ အရင်လောက် အဝင်အထွက်မရှိတော့ဘဲ လာခဲ့ရင်တောင် သူရှိနေရင် အပြင်တစ်နေရာရာကို ထွက်သွားဖို့သာ ရစ်ခီက အားသန်နေခဲ့တာ။

အခုလဲ ဘက်တံရိုက်ဖို့ သူလာကာမှ ချိန်းထားတာရှိလို့ဆိုပြီး သူ့(ရစ်ခီ)သူငယ်ချင်းတွေကိုဘဲ နှုတ်
ဆက်ပြီး စက်ဘီးဆွဲထွက်သွားတာ သူ့ကို
တစ်ချက်လေးတောင် ငဲ့မကြည့်သွား။

ထွက်သွားတဲ့ကျောပြင်ဖြူလေးဟာ အမှီမလိုက်ခဲ့
နိုင်တဲ့ ရထားတစ်စင်းလိုခံစားချက်မျိုးနဲ့ သူ့ရင်ထဲမှာ
စွဲစွဲနင့်နင့်ဘဲ။ နောင်တရသလိုခံစားချက်မျိုး...?

အမည်မသိတဲ့ အမျိုးမျိုးသော ခံစားချက်တွေ
တစ်ပွေ့တစ်ပိုက် နဲ့ လေးပင်နေတဲ့စိတ်ကြီးက
ဂျောင်ဟျွန်းအပေါ် မသက်မသာဖြစ်စေတယ်။
ရှုပ်ထွေးနေတဲ့စိတ်တွေက ဝန်ထုပ်ဝန်ပိုးကြီးကြီး
မားမားတစ်ခုဘဲ။

ဆံပင်တွေကို ခပ်ကြမ်းကြမ်းသပ်တင်လိုက်ပေမဲ့ ပါလာတာကတော့ စိတ်ရှုပ်ထွေးမှု့တွေချည်းသာ။
ဘယ်ကနေဘယ်လိုစမှားသွားလဲ မသိပေမဲ့ ရစ်ခီ့ရဲ့
ရှောင်ဖယ်ခြင်းတွေက သူ့အပေါ်မှာ အတော်လေး သက်ရောက်မှု့ရှိခဲ့တာ အခုလိုဖြစ်နေတဲ့ သူကိုယ်
တိုင်က သက်သေ။

ရစ်ခီ့ကိုပွင့်ပွင့်လင်းလင်းမေးကြည့်ချင်ပေမဲ့ တားနေတဲ့တစ်စုံတစ်ခုကြောင့် မကြိုးစားချင်မိသလို သူရဲဘောကြောင်စွာ သတ္တိလဲရှိမနေခဲ့တာကြောင့်...။

အမြဲဒွိဟတွေနဲ့ပြည့်နှက်ပြီး ဝေခွဲရခက်တဲ့
သူ့စိတ်ကို ပထမဆုံး မုန်းမိတယ်...။

အဲ့တာကလည်း ရစ်ခီ့ကြောင့်ဘဲဖြစ်တယ်...။

"ဟား မင်းကလဲ စိတ်နဲ့ လူနဲ့ကပ်စမ်းပါ ဘာတွေ
ဖြစ်နေတာလဲ မဆော့ရင်လဲတော်လိုက်တော့
ကောက်ဘဲကောက်နေရတယ်"

unexpected love // jeongriWhere stories live. Discover now