ep : 2

535 72 13
                                    

unicode

ပန်းချီပစ္စည်းတွေနဲ့ ပွစာကြဲနေတဲ့ စာရေးစားပွဲခုံက
လောလောလတ်လတ်လောက်ကမှ အသုံးပြုထား
သည့်ပုံ။ မပြည့်စုံသေးတဲ့ ဆွဲလက်စ art work
တစ်ခုက ပြီးမြောက်ဖို့ အချိန်အတော်လေးယူရဦးမည်။ ဒါပေမဲ့ အခုတော့ သူတို့က လျှစ်လျှူရှု့ခံထားရတဲ့ အခြေအနေ။ ဘေးက ညအိပ်မီးလေးကလဲ အခုထိ မပိတ်ရသေးတာမို့ ဝါကျန့်ကျန့်လေးလင်းနေတုံး။ ဒါကလဲ ပိတ်ဖို့ မေ့နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

ရာသီဥတု နေလို့ကောင်းတာမို့ ခြုံထားတဲ့စောင်ကိုအနဲ
ငယ်ကိုယ်ပေါ်ထပ်ဆွဲတင်လိုက်ပြီး ကွေးလိုက်တယ်။ နဲနဲလောက် ထပ်အိပ်ဖို့လိုအပ်နေသေးတာမို့ အနှောင့်
အယှက်တွေပေါ်မလာရင်သိပ်ကောင်းမှာဘဲလို့ သူတွေးမိတယ်။ အိပ်ရေးဝမှသူ့တစ်နေ့တာက လန်းဆန်းနေမှာလေ...။

ပြန်အိပ်ပျော်တော့မဲ့အချိန်ခပ်ဆဲဆဲမှာ "ကျွီ" ခနဲ မြည်လာတဲ့ တံခါးဖွင့်သံကြောင့် မျက်ခွံတွေကို အလိုလိုဖွင့်မိတယ်။ တံခါး lockမချမိခဲ့တာကို
နောင်တရမိတာမို့ မျက်မှောင်ကကျုံ့လျှက်သား။
သက်ပြင်းသံတိုးတိုးကတာ့ သူသာကြားနိုင်ယုံ။

"မသိတာကျလို့ ပုန်းမနေနဲ့ ဝင်လာခဲ့"

အကြောင်းသိနေတဲ့ ရစ်ခီဟာ အိပ်ယာကခုမှနိုးလို့ ဩရှရှဖြစ်နေတဲ့အသံနဲ့ စိတ်မရှည်စွာ တံခါးဘေးမှာပုန်းနေတဲ့ သူကိုပြောလိုက်တယ်။

စကားအဆုံး တံခါးနောက်က ရယ်သံခပ်စွက်စွက် ဟာ
သူ့ရဲ့အထမမြောက်တဲ့ စနောက်မှု့ကို သဘောတွေ့နေပုံ။ ဘယ်မြောက်မလဲ ဒါက အခုမှ ရစ်ခီကြုံဖူးတာမဟုတ်တာ အထက်တန်း ပထမနှစ်မှာ သူရယ် မင်ဆောန်းရယ်
ထိုငမွှေထိုးနဲ့ စခင်ပါပြီ ဆိုထဲက
သူ့ရဲ့ အကျင့်လို့ပြောရမလား...တံခါးကိုဖွင့်ပြီး
ချက်ချင်းဝင်မလာဘဲ တံခါးနောက်မှာ ပုန်း ပုန်း နေတဲ့ ကလေးရဲ့ အကွက်နဲ့  အမြဲ စနောက်နေတာ။

ထိုသူကတော့ ကင်မ်ဂယူဘင်းပင်...။

ရီမောရင်း အခန်းထဲဝင်လာတဲ့ ဂယူဘင်းက
သူ့ကြောင့်ရစ်ခီ အနှောင့်အယှက် ဖြစ်သွားတာကို
ပျော်နေသည့်ပုံ။ ဂယူဘင်း လွတ်နေတဲ့ ကုတင်ဘေးမှာ ဝင်ထိုင် လိုက်ရင်း မအိပ်ဘဲပြန်မှေးနေတဲ့
ရစ်ခီ့ကိုယ်ပေါ်က စောင်ကို ဆွဲလှန်လိုက်ပေမဲ့
သူ့ကို ဘာမှထပ်မတုံ့ပြန်တာမို့

unexpected love // jeongriWhere stories live. Discover now