ep : 7

561 60 108
                                    

unicode

စက်ဘီးကိုသေချာတောင်မရပ်ခဲ့နိုင်...။
ပစ်လဲကျသွားတဲ့ ခြံထဲက စက်ဘီးလေးတစ်စီး
ဟာ ပစ်ပစ်ခါခါ။ တစ်ခုခုကို အလျှင်လိုနေတဲ့
သူ့ပိုင်ရှင်ကလဲ အိမ်ထဲကိုပြေးဝင်တာ တန်းလို့။

တံခါးမခေါက်ဘာမခေါက်နဲ့ ဇွတ်ဝင်လာပြီး အခန်း
ဝမှာ ခါးထောက်ကာ death stare ကြီးနဲ့စိုက်ကြည့်နေတာမို့ စာထဲအာရုံစိုက်ရင်းတစ်ခုခုရေးနေမိတဲ့ ဂယူဘင်းမှာ ဘေးကိုခေါင်းလှည့်ကြည့်လိုက်တဲ့
ချိန်မှ မထိတ်သာမလန့်သာ။

"အားရှီ လန့်လိုက်တာ သေကုန်တော့မှာဘဲ
ဘာလာလုပ်တာလဲ မပြောမဆိုနဲ့"

"ပြောစရာရှိလို့လာတာပေါ့ မင်းအိမ်ပြန်ရောက်ဖို့ ငါ့မှာစောင့်နေရတာ"

"မအားသေးဘူးမပြောနဲ့ စာရေးနေတယ်"

"အမယ် ဘာစာလဲ..."

သိချင်မိတာမို့ ရစ်ခီအနားကပ်လာကာ ဂယူဘင်းရေးနေတဲ့ စာကိုခိုးကြည့်တော့ ရေးထားတဲ့စာတွေကို
လက်နဲ့အုပ်ကာ ကာတာမို့ ဇက်ပိုးကို ဖျက်ခနဲနေအောင်ချလိုက်တော့မှ ဆဲသံလေးတွေဟာ အခန်း
တွင်းလေထုထဲပျံ့နှံ့သွားရတယ်။

"ဟန်ယူဂျင်းကိုပေးမလို့လား"

"ဟမ် ငါကသူ့မပေးလို့ မင်းကိုပေးရမှာလား"

တစ်ခါတစ်လေတော့လည်းစကားအကောင်းလေး
ပြန်ပြောပေးလို့ရရက်နှင့် ဂယူဘင်းကတော့
ဒုတ်ထိုးအိုးပေါက်အဖြေတွေပေးဖို့ကိုသာ စွဲလမ်းနေတဲ့ပုံ။

"မင်းကဖွင့်ပြောတော့မလို့လား"

"မဟုတ်ပါဘူး ဒီလိုဘဲ anonymous ပေါ့"

"အဲ့တာကိုများ..."

"မင်း အဲ့ဒီလေသံကိုပြန်ပြင်လိုက်စမ်း ငါ့ကိုအထင်မကြီးရင်နေ အထင်တော့မသေးနဲ့"

ဂယူဘင်းရေးလက်စတွေကိုသေချာပြန်စီရီထားခဲ့ပြီး ကုတင်ပေါ်ပစ်လှဲလိုက်ရင်းပြောတော့ ရစ်ခီက
eye roll နဲ့သာတုံ့ပြန်တယ်။

"ကိုယ့်ခံစားချက်ကို တစ်ဖက်သူကိုဖွင့်ပြောရတာဘယ်လောက်ခက်တယ်ထင်လဲ စကားထွက်ဖို့က
လည်း သတ္တိလိုသေးတယ် နောက်ပြီး ခေါင်းထဲမှာ
အချစ်တွေ မျှော်လင့်ချက်တွေ တွေဝေတာတွေစုနေတာ မင်းလဲမသိတာကျလို့"

unexpected love // jeongriWhere stories live. Discover now