unicode
"ခဏ break မယ်"
ဘက်တံရိုက်ရင်းလက်ညောင်းလာတဲ့
မင်ဆောန်းကရစ်ခီကို လက်အမူအရာပြကာ
ခဏနားဖို့ပြောလာသည်။ မောနေတဲ့အရိပ်
အယောင်နဲ့မို့ မျက်နှာကလဲ ရှုံ့မဲ့မဲ့။ရစ်ခီနားတဲ့ဘေးခုံတန်းမှာဝင်ထိုင်လိုက်ပြီး
ရေဘူးကိုယူကာမော့သောက်ရင်း မျက်စိရှေ့က
မြင်ကွင်းတစ်ခုကို ကြည့်ချင်လို့ ပေါ်ပေါ်တင်တင်ဘဲကြည့်လိုက်မိတယ်။"ဟျောင့်"
ဂယူဘင်း ရစ်ခီ့ရဲ့ ရင်ဘတ်ကိုလက်ဖြင့် ဆတ်ခနဲ ပုတ်ကာခေါ်လိုက်ပြီး ရှေ့ကထိုမြင်ကွင်းကိုဘဲ
ကြည့်ပါဦးဆိုတဲ့သဘောနဲ့ မေးငေါ့ပြလို့။သူမြင်နေတာဘဲကို....။
"ဘာဖြစ်လဲ အဲ့တာ..."
ရစ်ခီခပ်ဆတ်ဆတ်ပြန်ဖြေတော့ ဂယူဘင်းက
မျက်လုံးကိုထောင့်ကပ်ပြီး အကြောမတည့်တဲ့
အကြည့်ကိုပေးတယ်။တစ်ခုခုပြောဖို့ အဖော်စပ်ပေမဲ့ ကောင်းကောင်းပြန်
မဖြေတဲ့သူ့ကို ဂယူဘင်း ပလစ်ပြီး toilet ကပြန်လာတဲ့ မင်ဆောန်းကို အားကိုးတကြီးအနားကို
ဆွဲခေါ်ကာ ရှေ့ကထိုမြင်ကွင်းကိုဘဲ ထပ်မေးငေါ့
ပြရင်း"ဆောန်းငါးးးမင်းအကိုကိုကြည့်စမ်း အမဆူနာနဲ့ကျ အပေးအယူတွေတည့်နေတာ ရှေ့မှာကြည့်ပါဦး
မင်္ဂလာဆောင်ဆိုရင် တန်းဆောင်မဲ့သဘောမှာ
ရှိတယ် ရယ်နေတာ ပြုံးရွှင်လို့""ဪ မင်းကလဲ သူလိုက်နေတဲ့ကောင်မလေးကို
ကျောက်ရုပ်လိုသွားဆက်ဆံနေလို့ရ
မလား....တစ်ချို့ကျကြည့်ပါလား လွတ်လပ်ရေး
ကျောက်တိုင်ကြီးလိုနေနေတော့ ရှိတဲ့ရည်းစားက ပစ်သွားရော"မလွတ်မလပ်တွေပြောလာတဲ့ဟာသကို သူတို့က
ရီနေနိုင်ပေမဲ့ ရစ်ခီကတော့ အသံတိတ်မျက်လုံး
နှင့်သာ ဆဲနိုင်ခဲ့ယုံ။ဒီ....!
ရစ်ခီထပ်ကြည့်မိတော့ ဟုတ်တယ်
အကိုဂျောင်ဟျွန်းက တကယ်ကြီးကို လိုလို
ချင်ချင်ကိုပြုံးပြီးရယ်နေခဲ့တာ။ အကြည့်တွေကလဲ ခပ်ရွဲရွဲရယ်။ အရမ်းကောင်းအောင်ကြည့်နေတာ
မသိသာလွန်းဘူးလား။ ဘာတွေများကွာခြားနေလို့လဲသူတို့က။