ep : 4

445 61 36
                                    

unicode

"ဘာလိုလိုနဲ့ ကျောင်းပြန်တက်ရတော့မယ်...
ဒီ semester ကျရင် အတန်းလိုက် workshop တွေသွားရ
မယ်ပြောတယ် သိလား"

convenience store တစ်ခုထဲမှထွက်လာတဲ့
လူသုံးယောက်က လက်ထဲမှာ ရေခဲချောင်း တစ်ယောက်တစ်ချောင်းစီကိုင်ထားလျှက်။
လမ်းတစ်ခုလုံးကို သူတို့အပိုင်ရထားဟန်
ဖြင့် တစ်လမ်းလုံးမှာ လူသုံးယောက် အပြည့်ဖြန့်
လျှောက်ရင်း ရေခဲချောင်းစားနေကြတဲ့ပုံက
သေချာသတိထားကြည့်မယ်ဆိုရင် ကကျိုး
ကကြောင်နဲ့ အူကြောင်ကြောင်ဖြစ်နေနိုင်တယ်။

"သွား သွား သွားကြ ငါတော့ သစ်ရွက်တွေမြင်ရင် မီးရှို့ချင်တဲ့အထိဘဲ ငါဘာလို့ plant sciences
ယူမိလဲမသိဖူး ပြန်ပြန်တွေးရင် သောက်ဂွလိုဘဲ"

မင်ဆောန်းက ရစ်ခီ့ကိုပြောပေမဲ့ ကြားထဲက စိတ်ပေါက်သွားတဲ့ဂယူဘင်းက လမ်းကိုနောက်
ပြန်လျှောက်ရင်း ဆောင့်ဆောင့်
အောင့်အောင့်နဲ့ပြောလာသည်။

မေဂျာအတူတူယူလို့ရရဲ့နှင့် သူ့ဟာသူ
သူ့အရင်ရည်းစားဟောင်းက ဒီmajorကိုစိတ်ဝင်စားတာမို့ အတူတူလိုက်ယူခဲ့ပြီးမှ ပြတ်သွားတော့
ဘာဖြစ်လဲဆိုတော့ မတွေ့ချင်တဲ့ ရည်းစားဟောင်း
မျက်နှာကိုလဲတွေ့နေရ၊ စိတ်မဝင်စားတဲ့ မေဂျာကို
လည်းသင်နေရတာမို့ ကင်မ်ဂယူဘင်းနှစ်ခါနာရတဲ့အဖြစ်။

ဒီမေဂျာကိုဘာလို့ယူမိလဲသိသိရက်နှင့် ဘာလို့ယူမိ
မှန်းမသိဖူးလို့ ပြောတိုင်း ထိုအချက်ကိုထောက်ပြ
ချင်သော်လည်း အဲ့အကြောင်းကို အစဖော်မိရင် စိတ်ဆိုးတတ်တာမို့ တော်ယုံစဖို့အကြောင်းအရာတွေထဲက ထုတ်ထားရတာမျိုး။

"မင်းက plant sciencesက မင်းcrush အချိန်ပိုင်း
အလုပ်က florist လိုက်ပါတယ် နှစ်ယောက်က
တာဇံကာပယ်"

အရည်ပျော်ကျလာတဲ့ ရေခဲချောင်းကိုတောင်
ဂရုမစိုက်နိုင်ဘဲ ဂယူဘင်းကိုစချင်တဲ့ ရစ်ခီဟာ
သူ့အင်္ကျီအဖြူလေးအရောင်စွန်းမှာတောင်မမှု့။

"ပေါင်ပေ့ မင်းတိုက်ခိုက်လဲ ငါကမမှု့ဘူးသိလား..."

ရစ်ခီ့ရဲ့လည်ပင်းကို headlock လုပ်ကာ ဂယူဘင်းပြန်တုံ့ပြန်လာတဲ့အခါ ခပ်ညံညံဖြစ်သွားတဲ့
ရစ်ခီ့ဆဲသံလေးတွေဟာ ရုပ်သံ show တစ်ခုခုမှာဆို ဆင်ဆာဖြတ်ခံရမှာကျိန်းသေပေါက်ဘဲ။

unexpected love // jeongriWhere stories live. Discover now