1

273 29 4
                                    

သာယာတဲ့မနက်ခင်းတစ်ခုကောင်လေးတစ်ယောက်နိုးလာခဲ့တယ်။နိုးနိုးချင်းနာရီကိုလှမ်းကြည့်တော့

"8နာရီတောင်ထိုးတော့မှာပါလား‌ "

နာရီကိုကြည့်ပြီးတော့ကုတင်ပေါ်ကနေဆင်းလိုက်တယ်။ပြီးရင်ရေမိုးချိုးကျောင်းအဝတ်အစားလဲပြီးတော့အောက်ထပ်ကိုသွားပြီးအမေတို့ကိုနှုတ်ဆက်လိုက်တယ်

"Appa Omma မောနီး"

"မောနီးသားလေး သားလာမနက်စာစားမယ်ommaသားကြိုက်တာတွေပဲလုပ်ထားပေးတယ်"

"အဲ့ဒါကြောင့်ommaကိုချစ်နေရတာ"

"အချွဲစိန်လေးကတော့"

"ဟီး"

"စားတော့သားလေးပြီးရင်ကျောင်းသွားရအုံးမယ်မလား"

"ဟုတ်"

ကျွန်တော်နာမည်ကဂျောင်ဟိုဆော့အသက်ကတော့19ပေါ့အထက်တန်းတတိယနှစ်လေကျွန်တော်ကတစ်ဦးတည်းသောသားဗျ။အမေနဲ့အဖေကလည်းကျွန်တော်ကိုအရမ်းချစ်တာ။ကျွန်တော့်မှာအချစ်ရဆုံးသူငယ်ချင်နှစ်ယောက်ရှိတယ်။အဲ့ဒါကတော့နောက်မှမိတ်ဆက်ပေးတော့မယ်အခုတော့မနက်စာစားပြီးကျောင်းသွားရတော့မယ်

"သားလေး"

"ဗျာ appa"

"စားပြီးရင်appaနဲ့တခါတည်းကျောင်းလိုက်ခဲ့မလား"

"ဟအင်း သားသူငယ်ချင်းတွေနဲ့သွားမလို့appaဘာသာသွားလိုက်လေ"

"ဟုတ်ပါပီ ဒါဆိုလည်းဆက်စားလေ"

"တော်ပြီသားဝပြီ သားသွားတော့မယ်ကျောင်းကို"

"သားလေးမုန့်ဖိုးယူသွားအုံးလေ"

"သားမှာရှိပါသေးတယ်ommaရဲ့ဟိုတပတ်ကပေးထားတဲ့မုန့်ဖိုးတောင်သားမှာရှိသေးတယ်"

"အေးပါသားရယ်ဂရုစိုက်သွားအုံးနော်"

"ဟုတ်ကဲ့"

မနက်စာစားပြီးတော့သူငယ်ချင်းအိမ်ကိုလာလိုက်တယ်။သူနဲ့ကျွန်တော်ကအိမ်နီးချင်းတွေလေကျောင်းသွားတိုင်းအမြဲအတူတူသွားနေကြငယ်ငယ်လေးထဲကခင်လာတယ်ဆိုပါတော့။သူအိပ်နေတုန်းထင်တယ်‌ကျွန်တော်‌အမြဲနိုးနေကြကျောင်းသွားတော့မယ်ဆိုအဲ့ကောင်ကသူဘာသာသူဘယ်တုန်းကမှမထဘူး

One Sided Love Where stories live. Discover now