11

155 35 2
                                    

တစ်လကျော်ခဲ့ပြီဟိုဆော့ဆီကခွင့်လွှတ်မှုကိုအခုထိမရသေးဘူး။အချိန်တွေကြာနေပြီမလားကျွန်တော်ဇွဲမလျော့ဘူး။သူ့ဆီကဒီနေ့ခွင့်လွှတ်မှုကိုမရရအောင်ယူမယ်။နောက်ပြီးjin hyungနဲ့သူနဲ့ကဘာမှမဟုတ်ဘူးတဲ့။ဒါတောင်ကျွန်တော်jin hyungကိုအတင်းမေးလို့ဖြေတာမဟုတ်ရင်သိရမှာမဟုတ်ဘူး။အခုကျွန်တော်ဟိုဆော့တို့ဆိုင်ကိုရောက်နေတယ်

"ဟိုဆော့"

"မင်း ရောက်လာပြန်ပြီလား မပြန်တော့ဘူးလား ဘာလို့ငါ့ကိုအမြဲလာနှောင့်ယှက်နေတာလဲ"

"မင်းမှကိုယ့်ကိုမခွင့်လွှတ်သေးတာ"

"ကျစ် မင်းဘာလို့တော်တော်ပြောရခက်တာလဲ မင်းနဲ့လည်းငါမပတ်သတ်ချင်တော့လို့ငါ့အရှေ့ထပ်ပေါ်မလာပါနဲ့တော့"

"မပေါ်လာစေချင်ရင်ခွင့်လွှတ်ပေးလေ နောက်ပြီးအခွင့်အရေးလေးလည်းထပ်ပေးပါ တောင်းဆိုပါတယ်"

"မင်းငါ့ဆီကခွင့်လွှတ်မှုကိုသိပ်ကိုလိုချင်နေတာမလား"

"အင်"

"ဟုတ်ပြီ ငါခွင့်လွှတ်ပေးမယ် ဒါပေမယ့်ငါအရှေ့ကနေထွက်သွားပေး ဒီ‌ကနေလည်းထွက်သွားပေး ဘယ်တော့မှပြန်မလာနဲ့ ငါပြောချင်တာဒါပဲ နောက်နေ့မင်းကိုငါမမြင်ချင်ဘူး မဟုတ်ရင်မင်းကိုဒီထက်ငါပိုမတွေ့ချင်ဘူးဖြစ်သွားမယ်"

"ဟိုဆော့ နေပါဦး ဟိုဆော့ ဟိုဆော့"

အစကသူ့ကသူ့ကိုခွင့်လွှတ်ပေးပြီးအခွင့်အရေးထပ်ပေးမယ်လို့ဆုံးဖြတ်ခဲ့တယ်။နောက်ပြီးလွန်ခဲ့တဲ့တစ်ပတ်ကရယ်နာဆိုတဲ့ဂျောင်ကုရဲ့ရည်းစားကဒီကိုရောက်လာခဲ့တယ်။

Flashback

"မင်္ဂလာပါ "

"ဂျောင်ဟိုဆော့"

"ဟမ် အိုရယ်နာ"

"ဟုတ်တယ်ငါပြောစရာရှိလို့"

"ပြောပါ"

"ဂျောင်ကုနဲ့နင်နဲ့ကကွာရှင်းထားပြီးပြီမလားဘာလို့ထပ်ပတ်သတ်နေကြတာလဲ"

"နင်မှားနေပြီ ငါတို့မပတ်သတ်ကြဘူးသူစိမ်းလိုပဲနေကြတာ ငါ့ကိုလာပြောမနေနဲ့ ပြောချင်ရင်နင့်ကောင်ကိုသွားပြော နင်ကောင်ကငါကိုအမြဲလာနှောင့်ယှက်နေတာ"

One Sided Love Where stories live. Discover now