6

174 35 13
                                    

ကျွန်တော်နဲ့ဂျောင်ကုလက်ထပ်ထားတာဘာလိုလိုနဲ့တစ်နှစ်တောင်ရှိခဲ့ပြီအဲ့တစ်နှစ်ဆိုတဲ့အတောအတွင်းလည်းဘယ်လိုကုန်သွားမှန်းမသိဘူး။သူနဲ့ကျွန်တော်နဲ့လက်ထပ်တဲ့နေ့ကစပြီးကျွန်တော့်ကိုသူစကားမပြောခဲ့ဘူးခိုင်းမှသာစကားပြောတာဒီနှစ်အတွင်းလည်းကျွန်တော်ပျော်ရွှင်တဲ့တစ်နေ့မှမရှိခဲ့ဘူး။မပျော်ရွှင်လည်စဘာမှမဖြစ်ပါဘူးသူ့အနားမှာနေရရင်ကိုကျွန်တော်ပျော်ရွှင်တယ်။ခုလည်းအပေါ်ကနေကျွန်တော့်ကိုလှမ်းခေါ်နေပြီ

"ဂျောင်ဟိုဆော့အခုချက်ချင်း ငါ့အခန်းထဲလာပြီးအဝတ်လာခေါက်ပေးစမ်း"

"လာပြီ ဂျောင်ကုခနစောင့်"

"မြန်မြန်လာခဲ့စိတ်မရှည်ဘူး"

"ဟုတ်ပြီ"

ကျွန်တော်ချက်ချင်းပဲအိမ်ပေါ်ပြေးတက်သွားလိုက်တယ်။နောက်ကျရင်ဂျောင်ကုကကျွန်တော့်ကိုပြောနေအုံးမယ်။အခန်းထဲရောက်တော့သူကကျွန်တော့်ကိုပြောတယ်

"ဂျောင်ဟိုဆော့ ငါအဝတ်တွေကိုသေချာလုပ်နော်တစ်ခုခုဖြစ်သွားလို့ကတော့မင်းသေပြီ"

"အေးပါဂျောင်ကု"

"နောက်ပြီးငါဒီညအိမ်ပြန်မလာဘူး ငါ့ကိုလည်းဖုန်းမဆက်နဲ့"

"မင်းကဘယ်သွားမလို့လဲ"

"မင်းနဲ့ဆိုင်လို့လားငါဘယ်သွားသွား မင်းကိုပြောရအုံးမှာလားဘယ်သွားတယ် ဘယ်လာတယ်ဆိုတာ မင်းကိုပြောသွားရ‌အောင်လည်းမင်းကငါ့အတွက်အရေးပါတဲ့သူမဟုတ်ဘူး"

"....."

ငါကမင်းအတွက်အရေးမပါတဲ့သူတဲ့လားဂျောင်ကုရယ်မင်းအဲ့လိုပြောတိုင်းငါရင်ဘတ်ထဲကအဆမတန်နာတယ်ဆိုတာမင်းသိရဲ့လား။စိတ်ချပါငါဒီနေ့ကစပြီးကတိပေးတယ်မင်းချစ်တဲ့သူနဲ့ပျော်ပျော်ရွှင်ရွှင်နေရတော့မယ်လို့ငါလေမင်းကိုမဆွဲထားတော့ပါဘူးမင်းတို့ချစ်သူနှစ်ယောက်ကိုလည်းငါအနှောင့်အယှက်မပေးတော့ပါဘူး။ငါလေမင်းပျော်တာကိုပဲမြင်ချင်တော့တယ်မင်းငါနဲ့မပျော်ဘူးဆိုငါလက်လွှတ်ပေးဖို့အဆင်သင့်ပါပဲငါအတ္တမကြီးချင်တော့ဘူးအရင်တုန်းကအတ္တကြီးခဲ့မိလို့လည်းမင်းမုန်းတာခံရပြီးပြီ။ဒီတခါတော့ငါလက်လွှတ်ပေးပါ့မယ်။

One Sided Love Where stories live. Discover now