12

287 40 1
                                    

ဒီနေ့ဆိုးလ်ကိုပြန်မလို့လေဆိပ်ကိုရောက်နေတာလေ။ကျွန်တော်ဟိုဆော့ဆီကခွင့်လွှတ်မှုမရခဲ့ဘူးကျွန်တော်ကအဖြစ်မရှိတာပဲလက်မလျှော့ဘူးသာပြောခဲ့တာတကယ်တမ်းကျတော့ကျွန်တော်ဟာသတ္တိကိုမရှိတာ။လေယာဉ်ပေါ်တက်မလို့လုပ်နေချိန်ဂျီမင်းကိုဖုန်းဆက်မလို့အိတ်ကိုကြည့်လိုက်တော့

"ဟာ ဒုက္ခပဲဖုန်းမေ့ခဲ့ပြီထင်တယ် ကျစ် "

ဖုန်းကျန်ခဲ့လို့သွားပြီးပြန်ယူနေချိန်လေယာဉ်ကထွက်သွားပြီ။နောက်တော့တက္ကစီနဲ့ပြန်လာတော့သတင်းမှာလာနေတာကဆိုးလ်ကိုပြန်မယ့်လေယာဉ်ပျက်ကျလို့တဲ့ကျွန်တော်လန့်သွားမိတယ်။ဖုန်းသာမကျန်ခဲ့ရင်ကျွန်တော်လည်းအဲ့လေယာဉ်ထဲပါသွားလောက်ပြီ။ခနနေတော့တက္ကစီကကျွန်တော်တည်းနေတဲ့နေရာဆီရောက်လာတယ်။

"ရောက်ပါပြီဗျ"

"ဟုတ်ကဲ့ကျေးဇူးပါ"

ကားပေါ်ကဆင်းပြီးအထဲကဝင်သွားတော့ရုတ်တရက်လာပြေးဖက်သောကိုယ်နဲ့နေတဲ့ကောင်လေး။ဟိုဆော့အကြောင်းကိုအစဆုံးစုံစမ်းပေးတဲ့တစ်ယောက်ပေါ့

"အကိုဂျောင်ကု"

"ဟော ဘာဖြစ်တာတုန်း မင်ဟို"

"အကိုဂျောင်ကုဆိုးလ်ကိုပြန်သွားတာမဟုတ်ဘူးလား"

"ဟုတ်တယ်ပြန်မလို့ဖုန်းကျန်ခဲ့လို့အကိုလာပြန်ယူတာ"

"ဟင့် ကျွန်တော်ကလေယာဉ်ပျက်ကျတဲ့ထဲပါသွားပြီထင်နေတာ တော်သေးတာပေါ့ ဒီနေ့မသွားပါနဲ့တော့လားမနက်ဖြန်မှသွားပါလား"

"ဒီနေ့ပြန်သွားလိုက်မယ်"

"ဘာဖြစ်လို့လဲ"

"သူမှအကိုမျက်နှာကိုမမြင်ချင်တော့တာ ငါ့ညီလည်းကျန်းမာရေးဂရုစိုက်ကြားလား အလုပ်လည်းသေချာလုပ်အုံး "

"ဟုတ်ကဲ့ပါ ဂရုစိုက်သွားနော်"

"ဟုတ်ပါပြီ နောက်မှဆိုးလ်ကိုလာလည်ကြားလား အကိုသွားပြီနော် တာတာ့"

"ဟုတ် တာတာ့"

ပြောပြီးလေဆိပ်ကိုပြန်ထွက်လာခဲ့တယ်သူကကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ညီလေ။သူနဲ့ဒီမှာနေတဲ့အတောအတွင်းတော်တော်လေးရင်းနှီးသွားကြတာ။လေဆိပ်ထဲဝင်ချိန်မျက်လုံးကအရည်တွေလဲ့လို့ဟိုဆော့ကိုတကယ်ပဲစွန့်လွှတ်လိုက်ရပြီလား။ခနကြာတော့နားထဲဝင်လာသောအသံတစ်သံကျွန်တော်နာမည်ကိုအော်နေတဲ့သူကိုကြည့်လိုက်တော့

You've reached the end of published parts.

⏰ Last updated: Aug 18, 2023 ⏰

Add this story to your Library to get notified about new parts!

One Sided Love Where stories live. Discover now