9

203 36 5
                                    

"ဟယ်လို ဂျီမင်း"

"ဟယ်လို ဟိုဆော့သူငယ်ချင်း"

"နေကောင်းကြလားမင်းတို့"

"ကောင်းတယ် မင်းကောအဲ့မှာအဆင်ပြေရဲ့လားအဆက်အသွယ်လည်းမလုပ်ဘူးငါတို့ကို"

"မဟုတ်ပါဘူးကွာ ငါလည်းဒီမှာစာမေးပွဲ‌ဖြေနေရတာနဲ့အလုပ်ရှုပ်နေလို့ပါကွာ"

"စာမေးပွဲကတစ်နှစ်လုံးဖြေတာလား အားတဲ့အချိန်ဆက်လို့ရတာပဲ"

"ဟုတ်ပြီငါမှားတာငါမှားတာ ဟုတ်ပြီလား"

"ဟုတ်ပြီ ဟီး"

"ဂျီမင်း"

"ပြောလေ"

"ငါနောက်အပတ်လောက်ကျရင်အမေတို့ဆီလာလည်မလို့ ငါ့ကိုလာကြိုပါလား"

"တကယ်လား"

"တကယ် အလုပ်ခွင့်ယူပြီးခနပြန်လာလည်မလို့"

"မင်းသေချာတယ်နော်"

"ငါလိမ်ဖူးလို့လား"

"အေအေငါလာကြိုမယ် ဒါပဲနော်"

"အေအေ"

ဆိုးလ်ကိုနောက်အပတ်ကျရင်ခနအလည်သွားမယ်လို့စ‌ဉ်းစားထားတယ်။ပထမကတော့မပြန်တော့ဘူးလို့ဆုံးဖြတ်ထားပြီးပြီအမေတို့ကလည်းခေါ်နေတော့ခနပြန်သွားလည်လိုက်မယ်။အဲ့ကိုစိတ်သစ်လူသစ်ပုံစံနဲ့ပဲသွားမယ်ကျွန်တော်သူ့အပေါ်မှာလည်းဘာခံစားချက်မှမထားတော့ဘူး။စစချင်းတုန်းကကျတော့သေမလောက်အောင်ကိုနာကျင်ခဲ့တာဟိုရောက်တုန်းကလည်းတပတ်လောက်ငိုခဲ့ရတာဒါပေမယ့်ဖြေးဖြေးချင်းနေသားကျသွားခဲ့တယ်။အခုဆိုးလ်ကိုပြန်သွားလည်ချိန်မှာသူနဲ့မတွေ့ဖို့မျှော်လင့်တယ်ဘာလို့ဆိုကျွန်တော်သူ့ကိုမတွေ့ချင်တော့လို့ပဲ။

..………………….....................……………….……..

"ဂျောင်ကုဘယ်သွားမလို့အထုတ်တွေပြင်နေတာလဲ"

"ဘယ်သွားသွားပေါ့အမေရာ"

"ဒီကောင်လေးတော့ငါ့ကိုပြန်ပြောနေတယ် မေးတာသာဖြေ"

"Canadaကို"

"ဘာသွားလုပ်မလို့လဲ"

"ကျွန်တော်ရဲ့ကလေးလေးဆီသွားမလို့လေ"

One Sided Love Where stories live. Discover now