8

205 35 12
                                    

နှစ်ရက်ရှိပြီဟိုဆော့ပြန်မလာတာသူ့အမေအိမ်မှာတဲ့နေပါစေပေါ့ ပြန်မလာတာလည်းကောင်းပါတယ်မျက်စိမနောက်ရတော့ဘူးပေါ့။သူမသိတာကဟိုဆော့ကိုမသိစိတ်ကလွမ်းနေတယ်ဆိုတာပဲ။ထိုစဉ်

"ဂျီမင်းဘာကိစ္စရှိလို့လဲ"

"အော် ဒီကသူငယ်ချင်းက ဟော့ဒီကသူငယ်ချင်းဆီလာလည်တာကို"

"အပိုမလုပ်နဲ့ပြောစရာရှိလို့လား"

"အင်ရှိတယ်"

"ပြောဒါဆို"

"အထဲမှာပြောမယ်"

ဒီကောင်‌ရှည်ကိုရှည်တယ်အပြင်သွားစရာရှိပါတယ်ဆိုလာရှုပ်နေသေးတယ်။ပြောစရာရှိတာကိုဒီမှာမပြောပဲနဲ့အိမ်ထဲဝင်ပြီးပြောအုံးမယ်။အိမ်ထဲရောက်တော့ခုံမှာထိုင်ပြီးကိုယ့်ကိုမျက်မှောင်ကျုံ့ပြီးကြည့်တယ်။ငါဘာများအမှားလုပ်ထားလို့လဲသူကြည့်တာကြောက်ပါကြောက်တယ်

"ထိုင်"

"မင်းပြောစရာရှိတာပြောသွားစရာရှိတယ်"

"ဘာလဲမင်းကောင်မလေးနဲ့သွားတွေ့မလို့လား"

"ဟုတ်တယ်ဟာဒါကြောင့်မြန်မြန်ပြော"

"ဂျောင်ကုမင်းကအိမ်ထောင်သည်တစ်ယောက်ဖြစ်နေပြီနော်မဖောက်ပြန်ချင်ပါနဲ့"

"မဖောက်ပြန်ပါဘူးငါတို့ကအစထဲကချစ်လာကြတာ ဒါကိုသိသိရက်နဲ့ဟိုဆော့ကငါတို့ချစ်ခြင်းကိုလာခွဲတာလေ ဒါကိုကျတော့နင်သူ့ကိုမပြောဘူးလား ငါသူနဲ့ကွာရှင်းမယ်ပြောတော့သူကဘာလို့မကွာရှင်းပေးတာလဲ ကွာရှင်းပေးလိုက်ရင်ဖောက်ပြန်တယ်လို့မဖြစ်တော့ဘူးလေ လွတ်လွတ်လပ်လပ်နေချင်နေပြီငါလည်း"

"ဟုတ်ပြီ သူနဲ့ကွာရှင်းချင်တာတကယ်လား"

"အင်"

"မင်းသေချာပြီလား"

"အင်"

"ရော့ဒါဆို"

"ဒါတွေကဘာလဲ"

"ဟိုဆော့ပေးသွားတာ"

"ကွာရှင်းစာချုပ်"

"ဟုတ်တယ်"

ကွာရှင်းစာချုပ်တဲ့အဲ့ဒါကိုတွေ့တော့ရင်ဘတ်ထဲကအောင့်သက်သက်နဲ့ဘာဖြစ်တာလည်းမသိဘူး။ငါသူ့ကိုကွာရှင်းချင်နေတာမလားဒါဆိုဘာလို့သူလက်မှတ်ပါပြီးသားကွာရှင်းစာချုပ်ကိုမြင်တော့ရင်ဘတ်ထဲကအောင့်လာရတာလဲ

One Sided Love Where stories live. Discover now