3

172 29 1
                                    

ရေချိုးခန်းထဲမှာအကြာကြီးထိုင်နေမိတဲ့ကျေးဇူးကြောင့်အခုဖျားနေပြီကိုယ်ကငယ်ငယ်လေးထဲကအအေးမိတာနဲ့ဖျားရောအခုလည်းရေအကြာကြီးချိုးမိတာကြောင့်ဖျားနေတာတစ်ပတ်လောက်ရှိနေပြီအခုထိကိုမပျောက်သေးဘူးကျောင်းလည်းမသွားနိုင်ဘူးစာကတော့ဂျီမင်းလာလာရှင်းပြတော့ဘာမှစိတ်ပူစရာမလိုဘူး။နေမကောင်းစဖြစ်ထဲကဂျောင်ကုကသူ့ဆီရောက်မလာဘူးနေနိုင်လိုက်တာဂျောင်ကုရယ်မင်းနဲ့မင်းချစ်ရတဲ့သူနဲ့ရည်းစားဖြစ်သွားတာငါဂျီမင်းဆီကကြားပါတယ်။ငါ့ကိုငါနေမကောင်းတဲ့အချိန်ခနလေးပဲမင်းလာကြည့်ရင်ငါပျော်မိမှာအခုတော့မင်းကငါ့ကိုတချက်လေးတောင်လာမကြည့်ဘူးနော်။ငါစိတ်မဆိုးပါဘူးကွာစိတ်မကောင်းဖြစ်ရုံပါပဲ

ဒေါက် ဒေါက်

"အမေဝင်ခဲ့မယ်နော်သားလေး"

"ဝင်ခဲ့အမေ"

"ဆန်ပြုတ်စားပြီးဆေးသောက်လိုက်အုံးအမေဆန်ပြုတ်ပြုတ်ထားတယ်"

"သားမစားချင်တော့ဘူးအပြင်ထွက်ပြီးမုန့်စားချင်တယ်"

"မရဘူးနော်သားလေး အပြင်စာတွေနေမကောင်းတဲ့အချိန်မစားရဘူး"

"ဘာဖြစ်လို့လဲအမေရဲ့သားသက်သာနေပါပြီနော်"

"မရဘူး"

"အမေပေးသွားပါနော်သားဆန်ပြုတ်တွေလည်းမသောက်ချင်တော့ဘူးအပြင်မှာသားစားချင်တာတွေသွားစားမလို့နော် နော် အမေနော်"

"အေးပါသွားစားမတည့်တာမစားနဲ့နော်"

"Yes"

အမေကိုပြောပြီးအပြင်ပြေးထွက်လာလိုက်တယ်တော်ကြာစိတ်ပြောင်းပြီးပေးမထွက်တော့မှအပြင်မထွက်ရတာလည်းကြာပြီ။အပြင်စာတွေလည်းမစားရတာကြာပြီဖြစ်တာကြောင့်လမ်းထိပ်ကတော့ပိုကီဆိုင်ကိုထွက်လာလိုက်တယ်

"အပြင်မထွက်ရတာကြာလို့လားမသိဘူးကောင်းလိုက်တာအပြင်ထွက်တာ နေဦးဒီနေ့ကျောင်းပိတ်ရက်ဆိုတော့ဂျီမင်းကိုဖုန်းခေါ်ရမယ်တစ်ယောက်ထဲဆိုပျင်းတယ်"

ပြောရင်းဖုန်းထုတ်လာပြီးဂျီမင်းကိုဖုန်းလှမ်းဆက်ပြီခေါ်လိုက်တယ်

One Sided Love Hikayelerin yaşadığı yer. Şimdi keşfedin