Never Not

589 50 7
                                    

အချိန်ကကုစားလိမ့်မယ်တဲ့

အချိန် ဘယ်အချိန်လဲ

မှန်ပြတင်းပေါက်ကနေအိပ်ငိုက်နေတဲ့ကောင်လေးကိုလှမ်းချောင်းရတဲ့အချိန်လား

မဟုတ်မှစကူတာပေါ်ကအတင်းလိုက်တက်ပြီးကလိထထိုးထိုးနဲ့စတတ်သူလေးကိုယ့်‌ပခုံးပေါ်မေးလေးတင်လို့ခါးကိုဖက်ကာတခစ်ခစ်နဲ့ရီသံလေးတွေကြားနေရတဲ့အချိန်လား

မိုးရွာတဲ့အချိန်ထီးတစ်လက်ကိုနှစ်ယောက်ဆောင်းလို့ကိုယ့်ပခုံးတစ်ဖက်မိုးတွေရွှဲပါ‌‌စေဆိုပြီးသူ့ဘက်ကိုတိုးထီးမိုးပေးထားတဲ့အခိုက်အတန့်လား

မနက်စောစောထပြီးသူ့အတွက်အသားညှပ်ပေါင်မုန့်လုပ်ပေးပြီးဘူးလေးထဲထည့်လိုက်တဲ့အချိန်ကပျော်ရွှင်မှုမျိုးလား

ရောင်စုံလက်ကောက်လေးတွေများသီပေးသွားရင်ပါးမို့လေးတွေမို့တက်အောင်သူပြုံးပြဖူးသည်
နေမကောင်းဖြစ်တတ်လွန်းလို့အဖျားကြီးတဲ့အချိန်ကိုယ့်ရင်ခွင်ထဲဝင်ပြီးအတင်းတိုးဖက်ခဲ့တဲ့သူ

အချစ်ဦး ငယ်ချစ်ဦးတဲ့
နာကျင်စရာအတိတ်တွေအမှတ်တရသေးသေးလေးခုကအစလွမ်းနေခဲ့တာ

တဟက်ဟက်ရီသံလေး
လက်ကလေးကိုယမ်းလို့ခြေဖျားလေးပါထောက်ကာနှုတ်ဆက်တတ်တဲ့အကျင့်
ရောင်စုံပုလဲလုံးလေးတွေသီထားတဲ့လက်ပတ်လေးတွေကိုကြိုက်တတ်တာတွေ
အစားစားရင်တောင်ဟင်းပွဲလှလှလေးမှစားတတ်တဲ့အကျင့်

ခြင်ရိုက်ဖို့တောင်လက်တွန့်နေတဲ့ကျွန်တော့်ဆီကိုခြင်ရိုက်တဲ့တုတ်ကြီးမွေးနေ့လက်ဆောင်လာပေးတုန်းကဘယ်ထင်ထားပါ့မလဲ ဒီလက်ကလူသတ်တဲ့လက်ဖြစ်သွားမယ်ဆိုတာ

ဆောင်းမှာကျတဲ့နှင်းမှုန်လေးလိုနူးညံ့တဲ့ငယ်ချစ်ဦး ရင်ဘတ်တွေအောင့်‌အောင်လွမ်းနေဆဲ

ကိုရီးယားမြေခြေပြန်ဖို့ချဖို့လုပ်ခဲ့ပေမဲ့သူဟာသေဒဏ်ကျခံထားရတဲ့ဝရမ်းပြေးတစ်ယောက်သက်သက်
ရင်မြေလွှာပေါ်ကြွေကျတဲ့အလွမ်းပွင့်တွေကြားမှာသူဟာမျှော်လင့်ချက်သေးသေးထားမိချင်သေးတာတော့အမှန်

"Alpha"

Chris လက်ထဲကမီးခြစ်အဖုံးဟာတောက်တောက်နဲ့ပိတ်လိုက်ဖွင့်လိုက်
အနားကိုရောက်လာတဲ့ဘွတ်ဖိနပ်သံ
အနက်ရောင်ပြည့်ဝတ်ထားခဲ့ဥ‌ရောပသားတစ်ယောက်သူ့ကိုဦးညွှတ်လာသည်

"Missionကျရှုံးတဲ့သူတွေကိုဘယ်လိုလုပ်မလဲ"

"ရှင်းလိုက်တော့"



Never NotWhere stories live. Discover now