9

135 24 1
                                    

"ကိုကိုရေ!"

"ကိုကို"

ဟာ ဟိုဘက်အိမ်ကအသံကမနက်‌ဘက်ဆိုထွက်လာပြီ
ညကစာထိုင်လုပ်ပြီးဒီနေ့ပိတ်ရက်လဲအိပ်ရေးဝအောင်အိပ်မယ်လုပ်ထားတာ မိုးလင်းထဲကဘောလုံးကန်ဖို့လာခေါ်တဲ့ အရူးလေးကရောက်လာပြီ

ဒီအသံနှုန်းနဲ့ဆိုအိမ်ရှေ့ကိုရောက်နေပြီ ဒါပေမဲ့အခုတော့ဆက်မခေါ်တော့ အသံပါပျောက်သွားတာမို့Chrisလဲနားအေးတုန်းလေးပြန်အိပ်ဖို့လုပ်လိုက်ချိန်မှာ

ဝုန်း!

အသံကျယ်ကြီးရုတ်တရပ်ကြားလိုက်ရတာမို့လူကလန့်ပြီးကုတင်ပေါ်ကကုန်းထမိလိုက်၏
အသံကကိုယ့်အနားမှာတင်မို့ဝေ့ပတ်ကြည့်လိုက်တော့ဖွင့်ထားတဲ့ပြတင်းပေါက်ဆီကလိုက်ကာအရှည်ကြီးကိုကိုယ်မှာပတ်၍လဲနေတဲ့လူတစ်ယောက်
ဘောလုံးတစ်လုံးကChrisကုတင်ခြေရင်းနားရောက်လာသည်

"မင်း ဘယ်လိုတက်လာတာလဲ"

ပိုးတုံးလုံးလိုပတ်နေတဲ့လိုက်ကာထဲကခေါင်းတစ်လုံးကပြူးထွက်လာသည်

"ရေပိုက်ကိုခိုပြီး ဟီး"

Chris ကြောင်လျက်သားသာ လက်ပိုက်ပြီးဒီတိုင်းကြည့်ပေးနေလိုက်တော့သည်
ဒီကောင်လေးတော့ ရူးနေပြီ

"မျောက်မို့လို့ကုပ်တက်ရတာလား"

"လူကမျောက်ကဆင်းသက်လာတာလေ ကျွန်တော်ကမျောက်နဲ့နီးလို့နေမှာပေါ့ ကိုကို လာထ ဘောလုံးသွားကန်မယ် ဘောလုံးကမနေ့ကဆုရထားတာ အသစ် မုန့်ဖိုးရောရထားလို့ကိုကို့ကိုဒီနှစ်မွေးနေ့လက်ဆောင်ဝယ်ပေးမယ်"

မှောက်ရက်ကြီးလဲနေရာကနေချက်ချင်းကုန်းထပြီးကိုယ့်အိပ်ရာပေါ်ခွင့်ပြုချက်မရှိတက်လာသည်
မကသေး လက်မောင်းကိုပါအတင်းကန်ဆွဲနေသူ
ဘောလုံးကန်ဖို့ကိုယ့်အခန်းထဲအထိရေပိုက်ကတွယ်ပြီးတက်လာသည်
ပြုတ်ကျရင်ဘယ်လိုလုပ်မည်နည်း ဒီနဲ့ဆိုတော်တော်မြင့်ဦးမည်
ဘောလုံးကန်ဖို့ကိုဘယ်လိုဖြစ်လို့ဖြစ်နေမှန်းမသိ

"နေဦးကွာ ငါမျက်နှာလဲမသစ်ရ‌သေးဘူးမနက်စာမစားရသေးဘူး"

"ဆယ်မိနစ်စောင့်မယ်နော် အောက်က"

Never NotWhere stories live. Discover now