7

187 32 9
                                    

"ဟက် အပိုတွေ"

Seungminရီသည်အူတက်စရာဟာသသေးသေးတစ်ခုကိုကြားလိုက်ရသလိုမျက်လုံးလေးတွေမှိတ်ကျသည်အထိရီနေတာဖြစ်သည်

Chris မှာပြောစရာစကားတောင်ပျောက်သည်
ဗင်းနစ်မြို့ကြီးနဲ့တောင်လဲလို့မရအောင်သဘောကျပါသည်ဟူသောစကားကိုလဲယုံတာမဟုတ်
ပင်လယ်ရေပြာအိုင်ကြီးထဲမှာရှိတဲ့ရေပေါ်မြို့လေးနဲ့တောင်လဲမရပါဘူးဆိုထဲကနည်းနည်းတော့သဘောပေါက်သေးသည်
ဒီကလေးတော့ပေါ့ပျက်ပျက်လုပ်တာအတော်များပြီ

"ရောက်ဖူးလား"

"ဘယ်ကိုလဲ"

Chris သူချွတ်လိုက်တဲ့နေကာမျက်မှန်ကိုအင်္ကျီမှာချိတ်လိုက်လိုက်၏
ထို့နောက်ပင်လယ်ကြီးကိုမျက်နှာမူရာကနေကျောပေးလိုက်ပြီးတံတိုင်းကီုးကိုလက်ထောက်ကာSeungminဘက်လှည့်လာသည်
ဝဲကနဲလွင့်လာသောဆံပင်တွေနဖူးပေါ်ဖြာကနဲကျသွားသည့်တိုင်အောင်ရှပ်အဖြူနဲ့သူဟာသန့်ပြန့်လွန်းသည်

"ဗင်းနစ်ကို"

"မရောက်ဖူးပါဘူး"

ရောက်မှမရောက်ဖူးတာသိမည်မထင်
ဒီကလေးစာတွေ့လောက်ပဲရှိဦးမည်
ပြီး‌တော့သံရုံးမှာလုပ်တာဆိုတော့ပိုပြီးတော့ရောက်ဖူးမှာမဟုတ်လောက် သူတို့ရှိတာတောင်ပိုင်း ဗင်းနစ်ကမြောက်ပိုင်း

"အလုပ်စဝင်ထဲကရုံးမှာပဲ"

ထင်သည့်အတိုင်းပင်
ဒီကလေးကအလုပ်တွေကြိုးစားနေတာကိုတောင်မှ
ကံကြမ္မာကထပ်ဆုံခွင့်ပေးသေးသည်
ကိုယ့်ကိုတိုင်ကလူဆိုးကြီးဖြစ်နေသည်ဆိုပါ‌‌စေ
ဒီကလေးရဲ့အစစအရာရာအသေးစိတ်လေးတွေကအစဂရုစိုက်ပေးချင်တာတော့အမှန်

"အဲ့တာဆို ရက်ပိုင်းလောက်နေရင်ကိုကိုနဲ့သွားရအောင်"

"မသွားချင်ပါဘူး"

"ဘာလို့မသွားချင်တာလဲ"

"အိမ်ပဲပြန်ချင်တယ်"

အိမ်

အိမ်ကပြန်လို့မှမဖြစ်တာ
ဒီနေရာသည်သာအလုံခြုံဆုံးဖြစ်သည်
ရှင်းရှင်းပြောရရင်လုံခြုံတာမလုံခြုံတာထပ်အဓိကသည်ကိုယ့်မျက်စိရှေ့ကကိုအပျောက်မခံချင်တာဖြစ်၏

Never NotWhere stories live. Discover now