3

202 34 10
                                    

"နှစ်ရက်အတွင်းရှိသမျှအေ့ဂျင်တွေကိုကျွန်းမှာလာစုခိုင်းလိုက်"

အနက်ရောင်ဘွတ်ဖိနပ်သံရဲ့နောက်တွင်အခန်းထဲကလူတစ်ယောက်ထွက်သွားပြီးနောက်Chrisသူ့ရဲ့လည်သာစုံလှည်ကုလားထိုင်ပေါ်ကိုကျောမှီပြီးထိုင်ချလိုက်ရသည်

*ဘာလို့ ဒီနားမှာစူးနဲ့စိုက်သလိုနာနေရတာလဲ
နာတယ်..တစ်ခုခုလုပ်ပေး...အာ ကိုကို!!!*

မျက်လုံးတွေမှိတ်လိုက်တာ‌တောင်မှစောစောကလေးတင်သူ့လက်ပေါ်ရင်ခေါင်းသံတွေပါပါအောင်ငိုကြွေးခဲ့တဲ့Seungmin
မျက်လုံးတွေမှိတ်ထားလျက်ပင်မျက်နှာကိုလက်နှစ်ဖက်လုံးနဲ့ပွတ်သတ်လိုက်ပေမဲ့သူ့ရင်ထဲတအားကိုပဲမွန်းကြပ်နေပါသည်

Seungmin ဒီကောင်လေးအခုတော့ငိုလွန်းအားကြီးပြီးရှိုက်လွန်းလို့တက်သွားချင်သလိုတောင်ဖြစ်တာမို့လို့သူ့အတွက်စီစဉ်ပေးထားတဲ့အခန်းထဲထားကာအိပ်ပျော်သွားတဲ့အတိုင်းလေးထားခဲ့ပြီးကိုယ့်အခန်းကိုယ်ပြန်‌လာကာစခန်းထဲကကြီးကြပ်သူတစ်ဦးကိုခေါ်ပြီး နောက်နှစ်ရက်အတွက်အစီအစဉ်ကိုအသေးစိတ်ရှင်းပြထားရသည်

မဖြစ်နိုင်တဲ့အဆုံးဒီနည်းလမ်းသုံးမှသာလျှင်Seungminသူ့အနားကထွက်သွားဖို့တတ်နိုင်သည်
ကိုယ့်ကိုကိုယ်ပဲမှားနေပြီလားမသိပေမဲ့
ခြိမ်းခြောက်တယ်ထင်ရင်လဲထင်သွားပါစေလေ

တစ်ခါလက်လွှတ်လိုက်ရတဲ့အ‌ရာ‌ကိုနောက်တစ်ကြိမ်အခွင့်အ‌ရေးရလို့ကိုယ့်လက်ထဲရောက်လာခဲ့ရင်ပြန်ထွက်သွားခွင့်မပေးနိုင်တာထုံးစံပဲမလား

Chrisစားပွဲပေါ်တင်ထားတဲ့ပါးလွှာနေတဲ့အနက်ရောင်ဖုန်းကိုယူလိုက်ပြီးတစ်နေရာကိုဖုန်းလှမ်းခေါ်လိုက်သည်

"ထိန်းချုပ်ခန်းကတစ်‌ယောက်လောက်လွှတ်လိုက်"

..........

"ထမင်းလာပို့ခိုင်းလို့ပါ"

Seungmin သူ့အခန်းထဲကိုပိန်ပိန်ရှည်ရှည်နဲ့အဖြူရောင်တစ်ချောင်းဒေါက်မြင့်ဖိနပ်စီးထားပြီးဆင်စွယ်‌
ရောင်ဂါဝန်ကိုယ်ကျပ်အင်္ကျီနဲ့အတူအနက်ရောင်ဆံနွယ်တွေနဲ့မျက်လုံး‌မှေးမှေးအမျိုးသမီးတစ်ဦးလင်ဗန်းတစ်ခုကိုကိုင်ပြီးဝင်လာတာကိုSeungminသူလက်ပိုက်ပြီးမျက်နှာမူထားတဲ့မှန်ချပ်ကနေတစ်ဆင့်မြင်နေရသည် ဒီအမျိုးသမီးရဲ့ဘယ်ဘက်ပါးတွင်အမာရွတ်ခပ်ကြီးကြီးကိုမိတ်ကပ်သားထူထူဖြင့်ဖုံးထားတာတွေ့ရ၏

Never NotWhere stories live. Discover now