10

213 25 2
                                    

"အဆင်သင့်ဖြစ်ပြီမလား"

Seungmin နည်းနည်းနေရကြပ်နေတဲ့
နက်ကတိုင်ကိုအနည်းငယ်လျော့ချကာနားထဲကဆက်သွယ်ရေးကိရိယာကိုလဲအနည်းငယ်ပြင်ဆင်လိုက်သည်

"စိတ်ပူစရာမလိုဘူး ဒီတိုင်းလူလုံးထွက်ပြရင်ရပြီ ကိုယ်ပြောတဲ့အတိုင်းလုပ် အကုန်လုံးကဒီကလက်သပ်မွေးထားတဲ့သူတွေချည်းပဲ"

အနားတင်ရှိနေတဲ့သူတစ်ယောက်လိုနားထဲကကြား‌နေရတဲ့အသံကတည်တည်ငြိမ်ငြိမ်

Seungmin ရဲ့နောက်မှာ စုစုပေါင်းသက်တော်စောင့်ငါးယောက်လောက်ရှိပြီး သူကတော့အလည်တည့်တည့်မှာ

သူ့အရှေ့တည့်တည့်မှာအစည်းအဝေးခန်းလိုလိုဘာလိုလိုတံခါးမအကြီးကြီးရှိသည်

ပြောတဲ့အတိုင်းလုပ်ဖို့ကတော့လွယ်ပေမဲ့ ဒီအထဲကလူတွေရဲ့ပုံစံကဘယ်လိုလဲမသိတာမို့Seungminနည်းနည်းတော့စိတ်လှုပ်ရှားမိပါသည်

"လွတ်နေတဲ့ထိုင်ခုံမှာဝင်ထိုင်ပြီး ပြောတာကိုလိုက်ပြောရင်ရပြီ  ကြောက်တဲ့ပုံလဲမပြနဲ့ ခံစားချက်ရှိတဲ့ပုံလဲမပြနဲ့ စိတ်မလှုပ်ရှားပဲအသင့်ပြင်တော့ ကိုယ်ရှိတယ်"

ကိုယ်ရှိတယ်ဆိုတဲ့စကားဆုံးတာနဲ့Seungminအသက်ကိုခပ်ပြင်းပြင်းရှူထုတ်လိုက်သည် 

တဖြည်းဖြည်းနဲ့ပွင့်လာတဲ့တံခါးမကြီးနောက်မှာမကြုံဖူးတဲ့အတွေ့အကြုံသစ်ကိုမျှော်လင့်စောင့်စားလျက်စိတ်ကိုအသင့်ပြင်ထားသည်

OMG!!!

တံခါးဖွင့်ဖွင်းခြင်းမှာတင်သိပ်မဝေးတဲ့အကွာအဝေးမှာရှိနေတဲ့ဖန်သားပြင်

မဟုတ်မှ ဒါကကျည်ကာမှန်တွေကာထားတဲ့ဖန်လှောင်အိမ်လိုမျိူးလား

အမြင့်ကြီးကိုမှနေရာအများကြီးယူပြီးဆောက်လုပ်ထားတာဖြစ်ပြီး

အထဲတွင်တော့အစည်းအဝေးခန်းလိုထိုင်နေတဲ့လူအယောက်နှစ်ဆယ်လောက်ကိုတွေ့ရမည်

အဲ့ဒီ့အပြင်ကိုယ်နဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ဖန်သားပြင်ပေါ်ကအဆင့်မြင့်နည်းပညာသုံးထားတဲ့လေပေါ်မှာပေါ်နေတဲ့ပုံရိပ်တွေကြောင့်ပါးစပ်ဟာအဟောင်းသား

Você leu todos os capítulos publicados.

⏰ Última atualização: Oct 17, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Never NotOnde histórias criam vida. Descubra agora