6

176 24 8
                                    

အချစ်ဦးကိုမှတ်မိသေးလား
အနားကနေဖြတ်တိုက်သွားတဲ့အနံ့ကအစမှတ်မိနေတာမျိုးပေါ့
အချိန်တွေ‌ဘယ်လောက်ကြာကြာမြင်ကွင်းထဲခပ်သေးသေးကအစရင်ထဲစွဲကျန်လောက်တဲ့အထိလူတစ်ယောက်ကိုရူးသွပ်ဖူးတာလား

အဲ့တာအချစ်ဦးမဟုတ်ပဲ အချစ်ဆုံးပါ

.
.
.

မနက်ခင်းနိုးထလာလာချင်းမှာမျက်လုံး‌တောင်မပွင့်သေးပင်လယ်ဘက်ကလတ်လတ်ဆတ်ဆတ်လေကနှာခေါင်းထဲတိုးဝင်လာသည်

ဘယ်တုန်းထဲကဖွင့်ထားမှန်းမသိတဲ့မှန်ပြတင်းပေါက်ကြီးရှေ့မှအဖြူရောင်လိုက်ကာစခပ်မြင့်မြင့်ကဝဲလွင့်နေသလိုအလင်းရောင်ရတစ်ချက်မရတစ်ချက်ကSeungminကိုအနှောင့်အယှက်ဖြစ်စေတာမို့ဆက်အိပ်လို့လဲမရမဲ့အတူအားယူပြီးထလိုက်တော့ဘယ်အချိန်ထဲကရောက်နေမှန်းမသိတဲ့ကိုယ်ပေါ်ကစောင်တစ်ခု
ကြည့်ရတာအိပ်ပျော်သွားထဲကလာခြုံပေးထားတာထင်သည် တကယ်ကိုပဲ

"ကလေးကလားနဲ့"

ကိုယ်ပေါ်လာခြုံထားတဲ့စောင်ကိုခြေထောက်နဲ့လုံး‌ေခြပြီးခပ်ဝေးဝေးကန်ထုတ်လျက်အိပ်နေတဲ့ဆိုဖာပေါ်ကခြေအချ

"အိုး!"

ခြေချချချင်းမှာတစ်ခုခုကိုနင်းမိလိုက်တဲ့ခံစားချက်

ငါတော့သွားပြီဆိုပြီးကိုယ်ကိုအဖော့မှာရုတ်တရပ်ခြေဖျားအောက်ကလှုပ်ရှားမှုကြောင့်လူကအောက်ကိုအင့်ကနဲပြုတ်ကျတော့သည်

ဘာဖြစ်သွားလို့ဖြစ်သွားမှန်းကိုမသိလိုက်

မေးစိနဲ့ကြမ်းပြင်ဆောင့်သွားပြီထင်ပြီးမျက်စိကိုအတင်းမှိတ်လိုက်ပေမဲ့ လက်မောင်းနှစ်ဖက်လုံးကိုဆက်ကနဲဖမ်းဆွဲလိုက်တဲ့လက်တွေကြောင့်Seungminမျက်လုံးပြူးသွားရသည်

"ဘယ်လိုတွေဖြစ်နေတာလဲ ကိုကို့အသဲ"

ပြုတ်ကျတဲ့အရှိန်နဲ့Seungminရဲ့ရှေ့ဆံပင်လေးတွေဟာအိကနဲကိုChrisနှာဖျားထိပ်ကိုကျီစားသွား‌
သေးသည်
အနည်းငယ်သောယားကျိယားကျိခံစားမှုဟာနှာဖျားထိပ်လေးတင်မို့ကြက်သီးမွေးညှင်းလေးတွေပါထသည်

ထပ်လျက်သားခန္ဓာကိုယ်နှစ်ခုတွင်Seungminသည်သူထင်ထားသလိုကြမ်းပြင်နဲ့မျက်နှာနဲ့ရိုက်သွားလဲမဟုတ်ပဲမျက်နှာကြီးရဲတက်လာတော့၏

Never NotWhere stories live. Discover now