4

175 32 3
                                    

အတိတ်ကောက်ကြောင်းကိုရှာကျမလား
ခြေရာတွေပဲမြင်နေရရင်တောင်ရင်ထဲတသိမ့်သိမ့်ကျန်ခဲ့တဲ့အမှတ်တရသေးသေးလေးတွေကိုဖျောက်ဖျက်နိုင်မည်မဟုတ်

သူ...
အလုံးစုံသောခံစားချက်ကိုပေးစွမ်းနိုင်ခဲ့သောသူသည်ကျွန်တော့်အတွက်အမှတ်တရတစ်ခုထပ်ပိုခဲ့သည့်၂၀၀၉ခုနှစ်

"ကိုကိုရေ"

ဟိုဘက်ခြံကအော်ခေါ်သံလေး
ဒီနေ့တော့ကလေးငယ်ငယ်ကဘောလုံးလေးပိုက်ပြီးသူ့အိမ်ထဲကထွက်လာသည်
ကြည့်ရတာအခုမှ‌ကျောင်းကပြန်ရောက်သည်နှင့်တူသည်
ကျောင်းဝတ်စုံအဖြူသန့်သန့်သည်မကြာခင်ညစ်ထေးတော့မှာဖြစ်ပြီးသူ့အမေဆော်တာခံရတော့မှာဖြစ်ကြောင်းChrisတစ်ယောက်အာရုံတွေရနေတာမို့လက်ထဲကဖက်လက်စဝတ္ထုစာအုပ်ကိုချရင်းအိမ်ရှေ့ခြံတံခါးကိုအရင်သွားဖွင့်ပေးထားရသည်
ကိုယ့်အိမ်မှာမိဘတွေကစပျစ်ခြံဆီပြန်သွားတော့ကိုယ့်တစ်ယောက်မှလွဲ၍ဘယ်သူမှမရှိတာကိုအခွင့်ကောင်းယူပြီးဒီကလေးကရောက်ထဲကလာ‌လာဆော့နေတတ်သည်

ကိုကိုရေဆိုပြီး‌အိမ်ထဲကမထွက်သေးပဲအော်လာထဲကနည်းနည်းတော့လန့်ရ၏

"ကိုကိုဘာလုပ်"

အဆော့က‌တော့သန်သည်
ကျောင်းကပြန်လာတာနဲ့လွယ်အိတ်ကိုပစ်ချပီးဘောလုံးကိုတန်းယူကာသူတို့အိမ်ဘက်ကူးလာသည်
ပြောင်းလာတာတစ်လလောက်ပဲရှိဦးမည် ဒါပေမဲ့ဗိုလ်ကတော့ကျတတ်နေပြီဖြစ်၏
အခုလဲဘာလုပ်ဆိုတာတာဝန်အရသာ‌မေးတာပြီးရင်လဲခြံထဲမှာပတ်ပြီးတစ်ယောက်ထဲဘောလုံးကိုလိုက်ဆော့နေတာဖြစ်သည်

Chris လဲဘာမှမပြောတော့ပဲထိုင်နေကျဒန်းပေါ်မှာသာနေရာယူလိုက်ပြီးသူဖတ်လက်စစာအုပ်ကိုစာမျက်နှာသေချာရှာပြီးလှန်လိုက်ပေမဲ့နားထဲကတဗုတ်ဗုတ်နဲ့ခြေနဲ့ခတ်နေတဲ့အသံကိုကြားနေရမြဲ

မကြာချင်ယောင်ဆောင်နေပေမဲ့ပိုကြာလာလေ အသံကပိုပိုပြင်းလာလေမို့လို့လေChrisနားထဲကိုလက်သန်းနှစ်ဖက်လုံးထိုးထည့်ထားလိုက်ပြီးဒန်းပေါ်ပက်လက်လှန်ပြီးလှဲနေရသည်
စာအုပ်လဲပစ်ချပြီးသူမဖတ်နိုင်တော့

Never NotWhere stories live. Discover now