6

87 9 0
                                    


ဇူလိုင်လ(၆)ရက်နေ့ကို ကျွန်မ ဘယ်တော့မှမမေ့နိုင်။ ကျွန်မ၏ သတင်းစာစာရွက်ကြီးမှာ နေ့စွဲနှင့်တကွ မှတ်ထားရလောက်အောင် ကျွန်မအတွက် ထူးခြားသည့်နေ့ ဖြစ်လို့ပါ။

ထိုနေ့နံနက်က ဘွားဘွား ခေါင်းမူးလို့ ဆေးခန်းသွားပြသည်။ ထိုအချိန်က ဆူပူလှုပ်ရှားမှုတွေ ရှိနေသေးသော်လည်း ပြည်သူလူထုက သွားသွားလာလာ ပြန်ပြီး နေသားကျနေကြပြီ။ ကျွန်မ ဘွားဘွားနှင့်အတူ အဖော်လိုက်သွားရသည့် ဆေးခန်းက ဈေးအရှေ့ဘက်မှာမို့ ချက်စ်ရှေ့မှ ဖြတ်သွားရသည်။

အဲဒီမှာ ထူးဆန်းသောမြင်ကွင်းတစ်ခုကို ကျွန်မ မြင်ရတော့တာပါပဲ။ ကျမ်းကိုင်ဘုရားရှေ့တွင် သူခိုးဟု စွပ်စွဲခံရသူတစ်ဦးအား လက်ပြန်ကြိုးတုပ်ကာ စည်းရိုးသံတိုင်မှာ တွဲချည်ပြီးနေပူလှန်းထားတာကို ကျွန်မ မြင်ရသည့်အခါ ရင်ထဲမှာ နာကျင်လျက် တုန်လှုပ်သွားမိသည်။ သူခိုးကို လူတွေ ဝိုင်းကြည့်ကြသည်။ သူခိုးက ဝပူပြင်းလှသော နံနက်ဆယ်နာရီ
နေဒဏ် အောက်တွင် ချွေးတဒီးဒီးကျကာ မျက်နှာအောက်ချလျက် ဒူးထောက်နေရသည်။ အနားမှာ ဝိုင်းအုံကြည့်နေကြသော လူတွေကို တွေ့ရသည်။ ဘွားဘွားက စိတ်မသက်သာလွန်းလို့ခေါင်းတောင် ပိုမူးလာပြီဟု ပြောသည်။ ကျွန်မတို့နှစ်ယောက်လုံး ထိုမြင်ကွင်းမှ မျက်နှာလွှဲပြီး ဆေးခန်းဆီသို့ ဆက်လျှောက်ဖို့ လူအုပ်ကို ကျော်ခဲ့ရပါသည်။

ထိုအချိန်မှာ လူအုပ်ထဲမှ တိုးဝှေ့ပြီး ထွက်လာသည့် ကလေးတစ်ယောက်ကို မြင်ရသည်။ ကျွန်မတောင် ကြည့်ရတာ ရင်တုန်သည့်အဲဒီမြင်ကွင်းကို ကလေးလေးက ဘာဖြစ်လို့များ ဝင်ကြည့်တာလဲ။ သူ့မှာ အဘွားတွေ အမေတွေ မပါပါ။ သူတစ်ယောက်တည်း ဖြစ်သည်။
အသားဖြူဖြူ၊ ဆံပင် ဖြောင့်ဖြောင့်စင်းစင်းက နဖူးပေါ်ဝဲကျနေပြီး မျက်လုံးနက်နက် တောက်တောက်၊ မျက်တောင်ထူထူရှုပ်ရှုပ်၊ နှုတ်ခမ်းပါးပါး။

အို ဒီကောင်မလေးကို ကျွန်မ သိတာပေါ့။ မေမေ့တပည့်လေး မဟုတ်လား။

လူအုပ်ကြီးထဲကနေ တိုးဝှေ့ထွက်လာသည့် Wonyoung ကို ကျွန်မ မြင်လိုက်ရတော့ အံ့သြပြီး စိုးရိမ်သွားပါသည်။ သူ ဘာဖြစ်လို့ ဒီလို အချိန်ကာလမျိုးမှာ အပြင်ရောက်နေရတာတုန်း။

ဆုံနေရက်နှင့်လွမ်းလေခြင်းWhere stories live. Discover now