17

80 5 0
                                    

(၁၇)

ကုမုဒြာကြာပွင့်သည့် ညတစ်ညအကြောင်း ကျွန်မ ဘယ်တော့မှ မှတ်စုထဲမှာ ထည့်မရေးတော့ဘူးဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် ထိုညကို ဘယ်တော့မှ မေ့မှာမဟုတ်တော့ပေ။

ထိုညက လမသာပါ။

ကျွန်မ၏ ဥယျာဉ်လေးသည် ကြယ်ရောင်မှိန်မှိန်တွင်ပင် ရောင်စုံပန်းများဖြင့် ခမ်းနားနေသည်။ ကောင်းကင်မှာ လမရှိသလို တိမ်တွေလည်းမရှိ၊ နက်ပြာရောင် ကြည်စင်နေသောကောင်းကင်
တွင် ကြယ်မှုန်မှုန်လေးတွေသာ လက်နေခဲ့သည်။ ညမိုးချုပ်အချိန်ကျမှ Youngက ရောက်လာခဲ့သည်။ အိမ်ရှေ့မှာ စက်ဘီးဒေါက်ထောက်ရပ်သံကိုတော့ ကြားလိုက်သား။ သို့သော် ကိုယ့်အိမ်ရှေ့ဟု မထင်ခဲ့ပေ၊ ထို့ကြောင့် မေမေ့ကို ဆေးတိုက်ပြီး မေမေ့ခုတင်ဘေးမှာပဲ ဆက်ထိုင်နေခဲ့သည်။

နောက်တော့ ဘွားဘွားက လှမ်းအော်လိုက်သည်။

“Yujinရေ လာဦး။ ဒီမှာ ဧည့်သည်ရောက်နေတယ်”

ဧည့်သည်ဆိုလို့ အပြေးလာခဲ့တာ Youngကို ဧည့်ခန်းမှာ အစိမ်းရောင် ငှက်ပျောဖက်ထုပ်တစ်ဖက် ပလတ်စတစ်အိတ်ကတစ်ဖက် ကိုင်လျက် ရပ်နေတာကို တွေ့လိုက်သည်။ စံကားဝါပန်းနံ့က မွှေးကြိုင်နေတာပဲ။

“ဟယ် ညီမလေး မိုးချုပ်လိုက်တာ”

“ဟုတ်တယ်မမ။ ဂျယ်ဂျူကပြန်လာတဲ့ သူငယ်ချင်းကို စောင့်ပြီး စကားဝါပန်းတွေယူရတာမို့၊ ဆရာမ နေကောင်းလား မမ”

သူ့လက်ထဲက အထုပ်တွေကို ကျွန်မအား ကမ်းပေးရင်း မေးသည်။

“အေး သက်သာပါတယ်။ ဒီနေ့လည်း ဆေးခန်းသွားခဲ့တယ်လေ၊ သွေးပေါင်ချိန်ကျသွားပါပြီ ဒါပေမယ့် ဆေးတော့ ဆက်စားနေရဦးမှာတဲ့”

“ဒါက မမ စားပွဲပေါ်တင်ဖို့။ ဒါက ဆရာမအတွက် အိုဗာတင်းနဲ့ ဟောလစ်။ ဆရာမရော”

“မေမေ အခန်းထဲမှာ.... ဝင်ချင်လား၊ မှိန်းနေတာ ဆိုတော့ ခဏထိုင်စောင့်လိုက်ဦးလေ”

“အင်းအင်း စောင့်လိုက်မယ်လေ”

“ငါ့မြေးကလည်း မစောင့်ခိုင်းနဲ့လေ။ Wonyoung အပြန် နောက်ကျနေမယ်.....သူ့အိမ်ထိပြန်ရမှာမဟုတ်လား”

ဆုံနေရက်နှင့်လွမ်းလေခြင်းDonde viven las historias. Descúbrelo ahora