3

265 52 6
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" မင်းကို ဒီနေ့တော့ သူငယ်ချင်းက လာမကြိုဘူးပဲနော် "

concert တစ်ပွဲပြီးသွားတိုင်း လာကြိုတတ်တဲ့ အီဂျောင်ဟျွန်းက အပြင်ဘက်မယ် လေတွေတအားတိုက်နေတဲ့အခေါက်မှပဲ လာမကြိုတော့ဘူးတဲ့လေ။

အဲ့တာကို ထယ်ရယ်က အရေးမလုပ်ပဲ ပတ်ဟန်ဘင်းက ဂရုတစိုက်ကြီးမေးတော့ အံ့ဩစရာ။

" အီဂျောင်ဟျွန်းကို မေးတာလား ဟန်ဘင်း "

" အင်း အင်္ကျီအစိမ်း အမြဲဝတ်တဲ့ သူငယ်ချင်းလေ။ "

အစိမ်းရောင် အတော်ကြိုက်တဲ့ အီဂျောင့်ကို တွေးရင်း ရယ်လိုက်မိ၏။

" ပတ်ဟန်ဘင်း ငါ့ကို အိမ်လိုက်ပို့ပေးပါလား ဒီနေ့ "

" အဲ့ဒီ အီဂျောင်ဟျွန်းနဲ့ မိတ်ဆက်ပေးရင် လိုက်ပို့မယ် "

ထယ်ရယ့် မျက်လုံးတွေ ပင်ပန်းနေရက်က ပြူးကျယ်ကုန်ရသည်။

" ဘာဖြစ်တယ် "

" အီဂျောင်ဟျွန်းနဲ့ မိတ်ဆက်ပေးလို့ "

" အချိန်တန်ရင် မိတ်ဆက်ပေးပါမယ် "

ထယ်ရယ် မပြောပြဖြစ်သေးပါ။ အီဂျောင်ဟျွန်းတစ်ယောက် ထယ်ရယ့်ကို အကြိုအပို့လုပ်ပေးတာ ပတ်ဟန်ဘင်းကို အမြင်ကပ်လို့ဆိုတဲ့ အကြောင်း။

ပတ်ဟန်ဘင်းကတော့ ဘာစိတ်ကူးတွေ ဝင်နေမှန်းတောင် မှန်းမရဘူး။

သန်ဘက်ခါမှာ မုန်တိုင်းစဝင်မှာကြောင့် အခုညလောက်ကတည်းက လေအေးတွေ ဆက်တိုက်ခတ်နေတာကို ထယ်ရယ် သတိထားမိသည်။

ဒီပုံအတိုင်းဆို တစ်အိမ်လုံး မုန်တိုင်းရှိတဲ့ လေးရက်အတွင်း အပြင်ထွက်ကြမှာ မဟုတ်လောက်။
ဂျီအွန်းဟျောင်းကတော့ ဆေးရုံမှာ နေကောင်းနေလိမ့်မည်လေ။

အိမ်ပြန်ရောက်တာနဲ့ ဧည့်ခန်းမှာ တယောကို တကိုင်ကိုင်လုပ်နေတဲ့ ကျန်းဟောက်နဲ့ အရင်ဆုံးတိုးသည်။ သတိထားမိချင်စရာက ဘေးမှာရှိနေတဲ့ ဆေးသေတ္တာဘူးနဲ့ bandage တွေရယ်။

" တယောကြိုး ပြတ်သွားလို့လား "

" ဟမ်.. အင်း ခုနကလေးတင် "

shady☆ [julyz] ✔️Where stories live. Discover now