10

265 34 0
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

လုံးလုံးလျားလျား ဆောင်းရာသီဝင်နေပြီဖြစ်တဲ့အတွက် ညဘက်အပြင်ထွက်တဲ့အခါ ရာသီဥတုဟာ ပိုအေးလာသည်။
သိပ်မကြာခင်ပဲ နှင်းကျနိုင်ချေရှိတယ်လို့လည်း မိုးလေဝသကပြောထားသေး၏။

နှစ်တစ်နှစ်ကုန်ခါနီးဟာ မြန်မြန်ဆန်ဆန်ပဲရောက်လာသလို အပြောင်းအလဲတွေ အများကြီးနှင့်။

သုံးလေးလအတွင်းမှာ လွန်ခဲ့တဲ့တစ်လကျော်လောက်ကပဲ အပြင်သင်တန်းဖွင့်ထားတာကိုရပ်လိုက်ပြီး နာမည်ကြီး ပုဂ္ဂလိက အနုပညာကျောင်းတစ်ကျောင်းမှာ ဆရာအနေနဲ့ ဝင်လျှောက်တဲ့အခါ ကျန်းဟောက်ရဲ့ အလုပ်ချိန်အပြောင်းအလဲတွေပါ သိသိသာသာစိပ်သွားသည်။

ဝင်ငွေအပြောင်းအလဲ စီစဉ်ရတာလည်း ပိုအဆင်ပြေသွားသလို ကျောင်းဘက်က အထောက်အပံ့လည်း ကောင်းကောင်းပေး၏။

သင်တန်းမှာ အစအဆုံး ကိုယ်တိုင်စီမံနေရင်း တယောထိုးရင်း သူများတွေကို သင်ပေးရတာ အဆင်ပြေပေမယ့် အသားကျလွန်းသွားတဲ့အခါ အလုပ်ဖိအားပိုလိုချင်လာလို့ ရူးကြောင်ကြောင် ထလုပ်ခဲ့တာရယ်။

အားပေးအားမြှောက်လုပ်တာကတော့ ကျန်းဟောက်ရဲ့ နှစ်ယောက်မရှိသော ကောင်လေး ဂင်မ်ထယ်ရယ်ပေါ့။

ကိုယ်ပိုင်သင်တန်းဖွင့်ထားရာကနေ ရပ်ပြီး တခြားအနုပညာကျောင်းမှာ ဆရာသွားလုပ်တယ်ဆိုတဲ့အကြောင်းကို အဖေသိသိချင်း တော်တော်လေး အအော်ခံခဲ့ရပါသေးသည်။

အဖေကတော့ သဘောမကျတာချင်းအတူတူ သူများလက်အောက်မှာ စီမံခန့်ခွဲခံရတာမို့ ပိုပြီး အောက်ကျနောက်ကျဖြစ်သွားတယ်လို့ တွေးတဲ့ပုံ။

တစ်ခါတစ်လေကျ ဘဝမှာ ဆုံးဖြတ်ချက်အမှားတွေလုပ်ဖြစ်သွားတာကလည်း အတွေ့အကြုံပဲလို့ ထယ်ရယ်ကပြောတာနဲ့ လုပ်ချင်ရာလုပ်ချလိုက်ခြင်းသက်သက်ဖြစ်သည်။

နောက်ဆက်တွဲအဖြစ် အိမ်နဲ့ အခြေအနေကတော့ အဖေတင်မက အမေပါ ရောယောင် စိတ်ဆိုးသွားပြီး ဖုန်းမဆက်တော့တာ တစ်ခုပေါ့။

လုပ်ချင်ရာ လုပ်ထားရတဲ့ ကျန်းဟောက်က ပတ်ဝန်းကျင်အသစ်နဲ့ ထင်ထားတာထက်တော့ အဆင်ပြေနေသား။

shady☆ [julyz] ✔️Where stories live. Discover now