19

228 32 12
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

" ပေါက်တတ်ကရတွေ လျှောက်ပြောနေတယ် မလုပ်ချင်ဘူး..ဂင်မ်ထယ်ရယ် မင်း ခေါင်းထိလာတာလား ဘာလား"

" မထိလာပါဘူး။ အတည်ပြောနေတာ အီဂျောင်ရာ "

ဂျောင်ဟျွန်းမှာ စပ်ဖြီးစပ်ဖြီးနဲ့ လက်အုပ်တွေပါ ချီပြီး ပြောနေတဲ့ ထယ်ရယ့်ရဲ့ အကြံကို မျက်ခုံးမျက်မှောင်ကြုံ့ရင်း လက်တခါခါနဲ့ ပြန်ငြင်းနေရသည်။

" မင်းမျက်နှာကို ထိုးလိုက်ရာက မတော်လို့ ကျိုးပဲ့သွားရင် ဘယ့်နှယ့်လုပ်ရ "

" မျက်နှာက ချောတော့ အနာဖြစ်ရင် နှမြောစရာကောင်းတာတော့ ဟုတ်ပေမဲ့.."

ဂျောင်ဟျွန်း အကြောက်အကန်ငြင်းနေရတဲ့ အကြောင်းမှာတော့ ထယ်ရယ့်ရဲ့ အကြံက တော်တော်လေးကို ရူးကြောင်ကြောင်နိုင်နေတာကြောင့်ပင်။

ဂင်မ်ထယ်ရယ်က အခုမှ ဂင်မ်ထယ်ရယ်နဲ့ ပြန်တူလာသလိုပဲ။

အီဂျောင်ဟျွန်းနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်က ဆင်းလာတယ်?

အဲ့လိုပြောပြီး ရည်းစားဟောင်း အိမ်ပေါ် သွားနေမယ်တဲ့။
နည်းတဲ့ အကြံလား?

" ငါတို့ ဘယ်တုန်းက မျက်နှာတည့်တည့် ထိုးရလောက်တဲ့ထိ ရန်ဖြစ်လို့လဲ။ ထိုးလိုက်တာက ပိုပြီး ယုတ္ထိမရှိဘူးလေ"

" ထိုးရလောက်တဲ့ထိ ရန်ဖြစ်မှ အိမ်ပေါ်ကဆင်းဖို့ လုံလောက်မှာလေ"

" တခြားသူနဲ့ ရန်ဖြစ်လို့မရဘူးလား "

" အိမ်ငှါးက အိမ်ရှင်နဲ့ရန်ဖြစ်တာလောက် အိမ်ပေါ်ကဆင်းဖို့ ကောင်းတဲ့ အကြောင်းပြချက်မရှိဘူး "

အီဂျောင် သက်ပြင်း အရှည်ကြီးချလိုက်သည်။

" ခဏလေး ပတ်ဟန်ဘင်းကို ဖုန်းဆက်အုံးမယ် "

" ဘာလို့လဲ "

" ပထမဆုံးအနေနဲ့ ပြောရရင် ငါ့ရည်းစားက အီဂျောင်ဟျွန်း အလကားနေရင်း လူတွေကိုလိုက်ထိုးနေတယ်ဆိုတဲ့ စကားမျိုးကြားသွားရင် ငါအသတ်ခံရမှာ။ ဒုတိယအနေနဲ့ ပြောရရင် ပတ်ဟန်ဘင်းက မင်းမန်နေဂျာလေ.. မင်းကို ထိုးလိုက်ရင် ငါ့ကို..သတ်မှာပဲပေါ့.. "

shady☆ [julyz] ✔️Where stories live. Discover now