9

228 34 7
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]


တွဲတာဖြင့် ရက်ပိုင်းပဲရှိသေးတယ်။ ထယ်ရယ်နဲ့ တွဲမယ်လို့ ပြောမိတာ မတော်တဆလို့သာ ခေါင်းစဉ်တပ်လိုက်ချင်ပါရဲ့။

ဒီရက်ပိုင်းလေးမှာတင် ထယ်ရယ့်ရည်းစားအနေနဲ့ သိလိုက်ရတာက ဂင်မ်ထယ်ရယ်နဲ့ ကျန်းဟောက်ဟာ လုံးဝ ဆက်စပ်လို့မရတဲ့ အယူအဆ အတွေးအခေါ်ရှိတဲ့ လူတွေပင်။

ကြီးပြင်းလာရတဲ့ ထိန်းကျောင်းမှူပုံစံတွေ ကွာခြားလွန်းရုံမက အသေးအမွှားကအစ တိုက်ဆိုင်မှူ တစ်ခုတစ်လေမျှမရှိတဲ့အခါ ဘာကြောင့် အရင်ကတည်းက ခပ်ဝေးဝေးဖြစ်နေခဲ့လဲ ဆိုတာကို သဘောပေါက်သွားပါ၏။

ထယ်ရယ်က ကြက်ချိုချဉ်ကို ဆော့စ်လောင်းစားတဲ့အခါ ကျန်းဟောက်က ဆော့စ်ကို တို့စားသည်။

ကျန်းဟောက်က ပင်လယ်စာခေါက်ဆွဲကြိုက်ပေမဲ့ ထယ်ရယ်ကတော့ ပဲခေါက်ဆွဲကို ပိုကြိုက်သည်။

ထယ်ရယ်က လူကို ခဏခဏလာဖက်ပြီး လာနမ်းပြီး skinship ကြိုက်တဲ့လူပေမဲ့ ကျန်းဟောက်မှာတော့ နဂိုကတည်းက skinship မကြိုက်သလို မလုပ်လည်းမလုပ်တတ်တဲ့သူမို့ အခုချိန်ထိ အသားကျဖို့ကို အချိန်ယူနေရဆဲဖြစ်၏။

ကျန်းဟောက်ကတော့ ပညာရေးဖိအားတွေနဲ့ပဲ လုံးလည်ချာလည်လိုက်ကာ ပတ်ဝန်းကျင်အမြင်ကို ဂရုစိုက်လွန်းရင်း ကြီးပြင်းခဲ့တာပေမယ့် ထယ်ရယ်ကတော့ လွတ်လပ်တဲ့ ထိန်းကျောင်းမှူအောက်မှာ အချစ်ခံရရင်း ကြီးပြင်းခဲ့တာလေ။

ဪ.. ပြီးတော့ ထယ်ရယ်က ပေါ့ပျက်ပျက်နဲ့ ရည်းစားအများကြီးထားဖူးပေမယ့် ကျန်းဟောက်မှာ ရည်းစားဆို လက်ငါးချောင်းတောင်ပြည့်အောင် မထားဖူးသလို အလေးအနက်ထားပြီး ရည်းစားထားခဲ့ခြင်းတွေချည်း။

July 25 ကျန်းဟောက်ရဲ့ မွေးနေ့
ည ဆယ့်နှစ်နာရီထိုးတာနဲ့ ခေါင်းပေါ်မှာ ဖဲကြိုးနီနီကြီးချည်ကာ ကျန်းဟောက် အခန်းမှာ လာအိပ်တဲ့ ထယ်ရယ့်ကြောင့် ပြောစရာစကား ပျောက်နေလျက်။

" လောကကြီးမှာ ဂင်မ်ထယ်ရယ်က တစ်ယောက်ပဲရှိတာလေ။ ကျွန်တော့်ကို ရထားပြီပဲ ဒီလောက်ဆိုရင် လက်ဆောင် အကြီးကြီးပေါ့ မဟုတ်ဘူးလား? Happy Birthday "

shady☆ [julyz] ✔️Where stories live. Discover now