29

205 28 8
                                    

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so  please read at your own risk.]

အိမ်အတွက် လိုအပ်တာတွေ ဝယ်ဖို့ စျေးဝယ်ရန်ငှါ နောက်ကနေ တကောက်ကောက်လိုက်နေတဲ့ ထယ်ရယ့်​ကြောင့် ကျန်းဟောက် မျက်မှောင်ကြုံ့ထားမိသည်။

ဟုတ်ပါရဲ့။

တွဲနေတာကြာလာတော့ တစ်ခါတစ်လေဆို အမြင်ကပ်နေတတ်ပြီ။
တစ်နှစ်လား နှစ်နှစ်ကြာနေပြီလား။ အဖေ့ခွင့်ပြုချက်ရလိုက်တာတောင် မနေ့တနေ့ကလို။

ထိုအချိန်တုန်းက ဆေးရုံမှာ ချက်ချင်းခွင့်ပြုတယ်တော့ မပြောပေမဲ့ ဆေးရုံမဆင်းမချင်း နေ့တဒူဝလာပြီး ဆေးရုံခန်းထဲ တောင်နှင့်မြောက် ပြေးနေသည်ကို ကျန်းဟောက် အဖေနှင့်အမေသည်လည်း မျက်စိနောက်သွားပုံရပါတယ်။

စောင့်ကြည့်အုံးမယ်ဆိုရာကနေ သိပ်သဘောတူချင်တာတော့မဟုတ်ဘူးဆိုတဲ့ အခြေအနေကို မြန်မြန်ပဲရောက်သွား၏။

အခု အခြေအနေကရော..။

စျေးဝယ်ခြင်းဘေးကနေ လေးမိနစ်လောက် ထွက်သွားတဲ့ ထယ်ရယ်က အနားကို ပြန်ရောက်လာတယ်။

" အဖေက သုံးထပ်သားစားချင်တယ်တဲ့"

" အဲ့တာဆို ဝယ်ပြီးရင် ချွန်းနန်ကို သွားကြမလား"

" ကျန်းဟောက်အိမ်ကိုပဲ"

ထယ်ရယ်က ရယ်စစနဲ့ပြောတော့မှ ခုနက ဖုန်းသွားပြောတာဟာ ကျန်းဟောက်အဖေနဲ့ ဖုန်းပြောနေတာဖြစ်ကြောင်း နားလည်သွားလို့ ထယ်ရယ့်ကို သက်ပြင်းတစ်ချက်ချရင်း မှူန်ကုပ်စွာ ကြည့်လိုက်မိသည်။

လူတွေမြင်ရင် သားအရင်းမှတ်ကုန်ကြပါအုံးမယ်။

အပြင်းအထန် ကန့်ကွက်တဲ့အဖေက သိပ်သဘောတူချင်တာမဟုတ်ဘူးဆိုတဲ့ အခြေအနေမှာ ကြာကြာမတောင့်ခံနိုင်လိုက်ပေ။
ထယ်ရယ့်မျက်နှာချိုသွေးပုံတွေကို ဟန်ပြပြီးတောင် မဆန့်ကျင်နိုင်တော့တာဖြစ်၏။
မနက်ခင်း သတင်းတောင် ထယ်ရယ့်ကို ပုံမှန်ဘာသာပြန်ခိုင်းနေတဲ့အထိ သင့်မြတ်နေကြတာများ။

အဖေတင်လားဆိုတော့ မဟုတ်။
အမေ့ကိုပါ မျက်နှာချိုသွေးတာဆို အိမ်မှာ ကျန်းဟောက်မရှိရင်တောင် လာလာပြီး ထမင်းစားတာကို နောက်ကျမှ သိသိနေရတဲ့ အဆင့်ရောက်နေပြီ။

shady☆ [julyz] ✔️Where stories live. Discover now