စာသင်ခန်းအတွင်း၌ လေထုမှာ အတော်လေးကို ကို့ရို့ကားယားနိုင်လှပေသည်။ မြန်မာစာသင်သည့် ဆရာမ၏ မျက်နှာမှာ တင်းမာနေသလောက် အတန်းရှိ ကျောင်းသားများမှာတော့ မျက်နှာပိုး မကျိုးလှ။
ကျောင်းသူများမှာတော့ ရယ်ရခက်၊ ငိုရခက် အခြေအနေဖြစ်လေသည်။ အထူးသဖြင့် ချော နံဘေးရှိ စိမ်းမှာတော့ ရှက်သွေးခြယ်ကာ နေလှန်းခံရသည့် ပုဇွန်ကဲ့သို့ ရဲရဲနီ၍ နေလေသည်။
ဖြစ်ပုံကတော့ ချောတို့ အတန်းရှိ ကျောင်းသားတစ်အုပ်မှာ လူပျိုတို့ ဗီဇသဘာဝအရ လူကြီးစာပေ စာအုပ်ကို ကျောင်းသို့ ယူခဲ့ရာမှ ဆရာမ မိသွားခြင်းမှ အစချီသည်။
ငယ်ငယ်ရွယ်ရွယ် ဆရာမသာဆိုလျှင် ဒီအတိုင်း ကျော်ချသွားမည် ဖြစ်သော်လည်း မြန်မာစာ ဆရာမတော့ ပင်စင်ယူခါနီး အရွယ်ပင် ရောက်လုနေပြီ ဖြစ်သဖြင့် လွယ်လွယ်ကူကူ လွှတ်မပေးဘဲ ရှိလေသည်။
"လူငယ် သဘောသဘာဝအရ ဒါက ဆန်းကြယ်နေတဲ့ ကိစ္စမျိုး မဟုတ်ဘူးလို့ ထင်ပါတယ် တီချယ်"
ချောတို့ အတန်းထဲတွင် အတော်ဆုံး ၊ အလိမ္မာဆုံး ဟူ၍ သတ်မှတ်ထားသည့် ကျောင်းသားထံမှ ထိုသို့ စကားထွက်၍ လာတော့ ချောပင် အနည်းငယ် အံ့အားသင့်သွားရသည်။
"ဒါဆို ဒီလိုစာအုပ်မျိုး ဖတ်တာက ဘာမှအထူးတဆန်း မဟုတ်ဘူးလို့ မင်းက ပြောချင်တာလား"
"ဖုံးဖိလို့ မရနိုင်တဲ့၊ ဓားပြလို့ သရမ်းသူကြောင့် ၊ အမယ်မင်း စနေနှစ်ပန်း ကလိပါလို့ ပြုံးစိစိနဲ့ ကျွန်မကို နမ်း"
ထိုကျောင်းသားမှာ ဖြေးဖြေးမှန်မှန်ဖြင့် ငိုချင်းတစ်ပုဒ်အား ဆိုချလာသည့်အခါ ဆရာမ၏ မျက်နှာမှာ မဲကျသွားသည်။
"ဒါက ကိုလိုနီခေတ်ကို ဇာတ်အိမ်တည်ထားတဲ့ ရေနံ့သာခင်ခင်ကြီး ဆိုတဲ့ ဇာတ်လမ်းမှာ ကျွန်တော် တွေ့ခဲ့ရတဲ့ ငိုချင်း တစ်ပုဒ်ပါ။ ဒါကို ကြည့်ခြင်းဖြင့် ဒီလိုစာပေမျိုးတွေဆိုတာက ဆန်းကြယ်နေတဲ့ အရာတော့ မဟုတ်ပါဘူး။ အချိန်တန် အရွယ်ရောက်လာလို့ ကျွန်တော် ခန္ဓာကိုယ်က လှုံ့ဆော်တဲ့ ဗီဇအရ စူးစမ်းမှုတစ်ခုပါပဲ"
YOU ARE READING
Quark
Randomတကယ်တော့ လူသားတွေဆိုတာ စကြာ၀ဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ... Zawgyi တကယ်တော့ လူသားတွေဆိုတာ စကြာဝဠာကြီးရဲ့ အသေးငယ်ဆုံး အမှုန်အမွှားလေးတွေပါပဲ...