အပိုင်း (၂)

11K 346 3
                                    

Dining room တွင် ၀မ်လူကြီးမင်း ဒေါ်လေးနှင့် ရှောင်းကျန့်အပါအ၀င် ၀မ်ရိပေါ်ကပါ မနက်စာစားနေပြီး အခက်တွေ့နေရသည်မှာ ရှောင်းကျန့်ဖြစ်သည်။

သူ့ဘေးတွင်ထိုင်နေသည့်၀မ်ရိပေါ်က ခုံအောက်ကနေ ခန္ဓာကိုယ်အောက်ပိုင်းအား လက်ဖြင့် လာရောက်ပွတ်သပ်နေခြင်းကြောင့်ဖြစ်သည်။

*သားကျန့် ဘာဖြစ်လို့လဲ စားမကောင်းလို့လား*

သူ့မျက်နှာပျက်နေသည်ကို သတိထားမိသွားသည့် ၀မ်လူကြီးမင်းက မေးလာသည့်အခါ သူလည်းမဟုတ်ကြောင်း ရှင်းပြရသည်။

တရားခံကိုမသိမသာကြည့်မိတော့ သူမဟုတ်သလိုဖြင့်။

စားသောက်ပြီးစီးသွားပြီးနောက် ၀မ်လူကြီးမင်းက

*ရိပေါ်က ဒီနေ့ကစပြီး သားကျန့်ရဲ့ကျောင်းကို ပြောင်းလာလိမ့်မယ်*

ထိုစကားအဆုံး ငယ်ထိပ်တည့်တည့်မိုးကြိုးပစ်ချခံလိုက်ရသူက ရှောင်းကျန့်ဖြစ်ပြီး အလန့်တကြား၀မ်ရိပေါ်ကိုကြည့်မိခိုက် အေးစက်တောင့်ခဲသွားရသည်က ပြုံးကာကြည့်နေသည့်၀မ်ရိပေါ်ကြောင့်။

*‌ရှောင်းကျန့် ငါနဲ့ကျောင်းအတူသွားရမှာ
မင်းအဆင်ပြေတယ်မလား*

အဆင်ပြေတယ်မလားဆိုသည့်နေရာကို ဖိပြောလာသည့်၀မ်ရိပေါ်က လူကြီးတွေအမြင်တွင် ရှောင်းကျန့်စကားတို့အား သိပ်အလေးထားသည့်ဟန်ပန်အပြည့်။

ပြောစရာစကားတွေဆွံ့အရသူက ရှောင်းကျန့်သာဖြစ်သည်။ ၀မ်ရိပေါ်တက်သည့်ကျောင်းက လုံး၀ဒိတ်ဒိတ်ကျဲတွေသာ တက်ရောက်သည့်ကျောင်းဖြစ်ပြီး ဘယ်လိုလုပ် သူတက်သည့် သာမာန်ကျောင်းလေးသို့ တက်ချင်ရပါသနည်း။

အဖြေကတော့ တစ်မျိုးထဲပင်။

သူ့အားအနိုင်ကျင့်ချင်လို့!

နောက်ဆို သူနှင့်၀မ်ရိပေါ်က ကျောင်းရောအိမ်တွင်ရော အမြဲအတူရှိနေတော့မည်ဖြစ်ပြီး ရှောင်းကျန့်အနေဖြင့် အချိန်မရွေး တုန်လှုပ်နေတော့မည်ပင်။

ယခုလည်း ကားပေါ်ရောက်ကတည်းက အိပ်ရေးမ၀လို့ဆိုပြီး သူ့ပေါင်ပေါ်ခေါင်းလှဲကာ သူ့၀မ်းဗိုက်ဘက်ကို မျက်နှာလှည့်ရင်း ကျောင်းအင်္ကျီထဲ သူ့ခေါင်းတိုး၀င်ကာ ချက်နှင့်ဗိုက်သားတို့အား လျှာဖြင့်လျက်လိုက် စုပ်လိုက်လုပ်နေသည်။

My Bed Player 🚨Where stories live. Discover now