အပိုင်း (၆)

9.8K 263 8
                                    

ခါးပေါ်က လေးလံလာမှုနှင့်အတူ အိပ်စက်နေရာမှ အသိတို့၀င်ရောက်လာချိန် အောက်ပိုင်းရပ်၀န်းဆီမှ နာကျင်မှုကိုပါ တစ်ပါတည်းခံစားလိုက်ရသည်။

မျက်၀န်းများကိုမဖွင့်ချင်ပါသော်လည်း အားယူကာ ဖွင့်ကြည့်မိချိန် မြင်လိုက်ရသည်က ရင်ခွင်ကျယ်ကြီးတစ်ခု။ သူ့ခါးပေါ်ရောက်နေတာ လက်တစ်ဖက်ဖြစ်ပြီး သူအုံးထားသည့်က လက်မောင်းတစ်ဖက်ပေါ်တွင်ဖြစ်သည်။

အသိစိတ်တို့က အလုံးအရင်း၀င်ရောက်လာချိန်တွင် မျက်နှာအား ရေခဲရေနဲ့ပက်ခံလိုက်ရသလို ဖြန်းခနဲဖြစ်သွားရပြီးနောက် နားဖျားလေးတွေကနေစတင်၍ ရဲဆွေးလာတော့သည်။ သူကိုယ်တိုင်ကိုက အလိုတူအလိုပါ ဖြစ်နေခဲ့တာလား?

၀မျရိပေါျ၏အထိအတှေ့တို့နှင့ျ အသားကျနေပြီဖြစ်သော သူ့ကိုယ်သူလည်းရှက်ရွံ့မိပါသည်။

အချိန်ကာလအားဖြင့် ၁၆နှစ်ကျော်ကတည်းက အတူရွိကာ အသက်၁၈ကျော်သည်အထိ skinship တို့က အမြဲလိုလို ရှိနေခဲ့သည်ကြောင့် ပြောရမည်ဆိုလျှင် ရှောင်းကျန့်အနေဖြင့် သူ့အပေါ်ကြမ်းတမ်းသည့်သူ၊ သူ့အပေါ်အနိုင်ယူလိုသည့်သူ၊ သူ့အပေါ်ဂရုစိုက်ပေးသည့်သူအား သူ့အနေဖြင့် ကြောက်ရွံ့စိတ်နှင့်အတူ နှလုံးသားတစ်နေရာက တွယ်တာနေမိနေပြီမှာ သူ့အလွန်တော့မဟုတ်ဘူးမလား?

သို့ပေမယ့် ၀မျရိပေါျအပေါျ တွယ်တာမိလေလေ ကိုယ့်သေတွင်းကိုယ်တူးမိလေလေ ဖြစ်နေသည်အားကိုယ်တိုင်ပင် မသိလေရော့သလား

၀မျရိပေါျကသူ့အပေါျ ဘယ်လိုသဘောထားနေခဲ့တာမျိုးများလဲ? မိထွေးရဲ့တူဖြစ်သည်ဟူသော သတ်မှတ်ချက်တစ်ခုဖြင့် အနိုင်ယူနေခဲ့သည်က ၀မျရိပေါျအတှကျ သူ့အတွက် သိပ္ကို ပျော်စရာကောင်းလွန်းနေသည်များလား? ဘယ်အချိန်အထိလဲ? ဘယ်အချိန်အထိများလဲ? အဆုံးသတ်တွင် ၀မျရိပေါျက သူ့လမ်းသူလျှောက်လို့ သူကလည်း သူ့လမ်းသူလျှောက်ရမည်ပင်ဖြစ်သည်။ ဖြစ်ပေါ်လာသည့် စိတ်ခံစားချက်များဟာ အနေနီးလို့ဟူ၍ ကိုယ့်ကိုယ်ကိုယ် အထပ်ထပ်ပြန်သတိပေးနေရင်း......

တစ်နေ့မှာ ငါက၀မ်ရိပေါ်အနားကထွက်သွားနိုင်ရမယ်။

တစ်နေ့မှာတော့ ၀မျရိပေါျက ငါ့ကိုအလွတ်ပေးလာလိမ့်မယ်။

My Bed Player 🚨Where stories live. Discover now