အပိုင်း (၁၀)

8.3K 253 2
                                    

အိပ်ပျော်နေသော ရှောင်းကျန့်အနားသွားကာ သူလုပ်ထား၍ နီရဲကာ သွေးစလေးတွေစို့နေသော အ၀လေးအား ဆေးသေချာထည့်ပေးနေလိုက်သည်။

ပြန်စဉ်းစားမိလျှင် သူ့ကိုယ်သူလည်း သိပ်နားမလည်ချင်ပါ။ ရှောင်းကျန့်ကိုမြင်သည်နှင့် အချိန်တိုင်းလိုလို သူ့အောက်ဆွဲသွင်းချင်နေသည့်စိတ်က ထိန်းမရ။ ရှောင်းကျန့်က အချိန်တိုင်းနီးပါး သူနဲ့ဘဲ အတူရှိနေတော့လည်း ခက်သား။ မရှိ၍လည်းမရ...ရှောင်းကျန့်က သူ့အပိုင်။ ရှောင်းကျန့်ကိုသူ မချစ်ပေမယ့်လည်း ရှောင်းကျန့်က သူအပိုင်ပင်ဖြစ်သည်။ သူ့အနားကနေ ထွက်သွားခွင့်မရှိသလို...သူကလည်း ခွင့်ပြုမည်မဟုတ်ပေ။ ဘာနဲ့ပဲချည်ရချည်ရ ရှောင်းကျန့်ကိုတော့ သူ့အနားမှာပဲ တစ်ဘ၀စာလုံး ချည်နှောင်ထားမည်။ ဒါဟာ အသက် ၁၆အရွယ်ကနေစလို့ ၁၈နှစ် ယခုအချိန်အထိ အတူရှိနေခဲ့သည်ကြောင့် သံယောဇဉ်ဟု သူ မသတ်မှတ်ချင်ပါသော်လည်း သေချာပါတယ် ရှောင်းကျန့်ကိုတော့ သူ့အရိပ်အောက်ကနေ ဘယ်ကိုမှ အရောက်မခံနိုင်‌ပေ။

စိတ်အာရုံက အနည်းငယ်နောက်ကျိနေသည်ကြောင့် ရေချိုးကာ ခေါင်းပါလျော်ပစ်လိုက်တော့သည်။ အိပ်နေသော ရှောင်းကျန့်ကိုကြည့်ကာ အ၀တ်အစားလဲပြီး အပြင်သို့ထွက်သွားချိန် အိမ်တော်က ပါလာသည့်လူတွေက အိမ်ပြန်ရောက်နေပြီဖြစ်သည်။

ညစာကိုပါ ချက်ပြုတ်နေကြသည်ကြောင့် ၀မ်ရိပေါ်က ယောင်လည်လည်ဖြင့် အနားသွားကာ ဟင်းတွေကို အစပ်လျော့ခိုင်းလိုက်၊ ဝါးလို့အဆင်ပြေအောင် ပျော့ပျော့နူးနူးလေးတွေ လုပ်ခိုင်းလိုက်နှင့် ဘေးကနေ တတွတ်တွတ်လိုက်လုပ်နေသည်။

ထို့နောက် ဧည့်ခန်းထဲသွားကာ Tv ထိုင်ကြည့်နေလိုက်ပြီး ပျင်းလာသည်နှင့် ဖုန်းကြည့်နေကာ တစ်စုံတစ်ရာအား သတိရမိသလိုဖြင့် Weibo တွင် postတစ်ခုတင်လိုက်သည်။

ပုံတစ်ပုံဖြစ်ပြီး မနက်က သူတို့သွားခဲ့သည့် ဘုရားရှိခိုးကျောင်းပုံဖြစ်ကာ ထိုပုံထဲတွင် ပတ်၀န်းကျင်အား ကင်မရာလေးတစ်လုံးဖြင့် ဓာတ်ပုံလိုက်ရိုက်နေသော ကောင်လေးတစ်ယောက်ပုံက မသိမသာလေးပါ၀င်နေသည်။ caption ကတော့ ရိုးရိုးရှင်းရှင်းပါပင် “piazza del duoma” တဲ့။

My Bed Player 🚨Where stories live. Discover now