အပိုင်း (၁၉)

13.8K 388 100
                                    

မျက်၀န်းတို့ဖွင့်လိုက်ချိန် ကျရောက်လာသည့်အလင်းကြောင့် လက်ဖြင့်ချက်ချင်းကာလိုက်ရကာ အလင်းရောင်ကို ခံနိုင်ရန် ခနအကြာ မျက်လုံးပြန်မှိတ်ထားရသည်။

ထို့နောက် နှာဖျားထံဝေ့သီလာသည်က ပိုးသတ်ဆေးအနံ့ဖြစ်ပြီး သူဟာ မျက်လုံးအားသေသေချာချာ ရှင်းရှင်းလင်းလင်း ဖွင့်လိုက်ချိန်တွင် မျက်နှာကျက်အဖြူအား တွေ့လိုက်ရတော့သည်။

ယခုသူရောက်နေသည့်နေရာက ဆေးရုံတစ်ခုဖြစ်ပြီး...သူနိုးလာတာကိုလည်း သိနေသည့် လူတစ်ယောက်ရှိလေသည်။

*ကိုကိုရေ လာပါဦး ဒီမှာနိုးလာပြီ*

ကောင်မလေးတစ်‌ယောက်ဟာ အော်ပြောရင်းလည်း တစ်နေရာသို့ပြေးထွက်သွားသည်။

လိုက်ကာအဖြူတို့ဖြင့် ဘေးနှစ်ဖက်အားကာထားပြီး ယခုသူရှိနေသည့်နေရာက အခန်းတစ်ခန်းတော့ မဟုတ်ပါ။ ဒီတိုင်း လူနာတွေကို လိုက်ကာတွေနဲ့ကာခြားပေးထားကာ လူနာကတင်တွေအား တန်းစီထားထားသည့် hall တစ်ခုဖြစ်သည်။

မျက်လုံးများပွင့်လာချိန်တွင် ပထမဆုံးမြင်မိသည့်အရာမှာ ထိုလူသားမဟုတ်လေတော့ စိတ်ပျက်အားငယ်ခြင်းတို့က ကြီးစိုးသွားရပြန်သည်။

တိကျသေချာသည့် အဖြေတစ်ခုမရဘဲနဲ့တော့ သူဟာ ဘာကိုမှ အလျင်စလို ဆုံးဖြတ်မည်မဟုတ်ပါ။ ယခုအချိန်တွင် သူ့အား၀မ်ရိပေါ်ဟာ ရှာနေမှာဖြစ်ပြီး ထွက်ပြေးလျှင်လည်း လွတ်မြောက်နိုင်သည့် အခွင့်အရေးတွေရှိပါသည့်နှယ်။ အရာအားလုံးကို သေချာမသိရသေးပါဘဲ တစ်ဖက်သတ်အထင်မလွဲချင်ပါသလို တိကျသေချာသည့်အရာတစ်ခုအား ကြုံခဲ့ရလျှင်လည်း သူဟာ ထိုသူ့အနားကနေ တုန့်ဆိုင်းခြင်းမရှိ ထွက်သွားမည်ဖြစ်သည်။

သို့သော် လက်ကျန်ကောက်ရိုးမျှင်လေးတစ်မျှင်ကဲ့သို့ သူဟာ ထိုလူသားကို ဖမ်းဆွဲထားချင်စိတ် ရှိပါသေးသည်။

လက်က ဆေးပိုက်တို့အား ဆွဲဖြုတ်လိုက်သည်ဆိုလျှင်ဘဲ သူ့‌ရှိရာနေရာသို့ ရောက်လာကြသည့် ခုနက ကောင်မလေးနှင့် ကောင်လေးတစ်ဦး။

*မင်း အဆင်ပြေရဲ့လား?*

ထိုကောင်လေးဟာ ရှောင်းကျန့်နှင့် မတိမ်းမယိမ်း အသက်လောက်ရှိမည်ဖြစ်သည်။ သူ့ဘေးတွင် ရုပ်တူသည့် ကလေးမလေးတစ်ယောက်လည်းရှိသည်။

You've reached the end of published parts.

⏰ Last updated: May 31, 2023 ⏰

Add this story to your Library to get notified about new parts!

My Bed Player 🚨Where stories live. Discover now