အပိုင်း (၁၆)

6.3K 216 8
                                    

ဒေါ်လေးဆုံးသွားပြီ...။

__________

ရှောင်းကျန့် မနက်မျက်လုံးဖွင့်လို့နိုးထလာချိန်၌ ကြားလိုက်ရသော သတင်းဆိုးကထိုသို့ဖြစ်ပြီး မျက်၀န်းအိမ်၌ မျက်ရည်ဥတို့ခိုသီကာ....

*ရိ...ရိပေါ် ဒေါ်လေးဆုံးပြီတဲ့*

*ရှောင်းကျန့်...မောင် ရှိတယ်။ သတိကပ်ဦး*

တုန်ယင်နေသည့်ခန္ဓာကိုယ်လေးက မျက်ရည်တွေလည်း အဆက်မပြတ်ကျဆင်းနေသေးသည်။ အသိစိတ်နှင့်လူကလည်း မကပ်သလို...

*ဟင့်....မောင်....ဒေါ်‌လေး ဒေါ်လေးကလေ*

*ရှောင်းကျန့်....မောင့်ကိုကြည့်။ မောင့်ကိုကြည့်ဦး။*

တုန်ယင်ကာ ငိုရှိုက်နေပါသည့်ခန္ဓာကိုယ်လေးအား ရင်ခွင်ထဲ‌ထွေးပွေ့လိုက်ကာ...

*မောင်ရှိပါတယ်။ ရှောင်းကျန့်အနားမှာ မောင်ရှိတယ်လေနော်။*

၀မ်းပမ်းတနည်းကိုငိုကြွေးနေသည့်ရှောင်းကျန့်က ဒေါ်လေးဆီကိုသွားရန်လည်းပြောနေသေးသည်။

*အင်း...မောင် private jet စီစဉ်ထားတယ်။ မောင်တို့ သွားကြတာပေါ့*

ရှောင်းကျန့်ဟာ ၀မ်ရိပေါ်လဲပေးထားသည့် ၀မ်ရိပေါ်၏ ရှပ်လက်ရှည်အဖြူပွပွတစ်ထည်နှင့် အောက်က ဘောင်းဘီရှည်ကြီးသာ ၀တ်ဆင်ရင်း အ၀တ်လဲရန်လည်း တိုက်တွန်း၍မရ။

ညက သတိလစ်သည်အထိ သူလုပ်ထားမိသည်ကြောင့် ပင်ပန်းနေသည့်ခန္ဓာကိုယ်လေးအား ချီပွေ့ကာ အိမ်တော်မှ လူများ၏အကြည့်တို့ကိုလည်း ဂရုမစိုက်နိုင်တော့။

ရှောင်းကျန့်အဒေါ်ဟာ ဥရောပဘက်သို့ ခရီးထွက်သွားခြင်းဖြစ်ပြီး လည်ပတ်နေစဉ် car accident ဖြစ်ပြီး နေရာ၌ပင် ပွဲချင်းပြီး ဆုံးခဲ့ခြင်းဖြစ်သည်။ ၀မ်ရိပေါ်က ထိုသတင်းကိုသိရရချင်း အိပ်စက်နေပါသည့် ရှောင်းကျန့်ရှိရာ သူ့အခန်းထဲသို့ပြန်၀င်ခဲ့ချိန် ရှောင်းကျန့်ဟာနိုးနေပြီဖြစ်သည်။

သတင်းကြားကြားချင်း လိုက်သွားသည်ကြောင့် နာရီအတော်ကြာ စီးလိုက်ရပြီး အားနည်းဖျော့တော့ကာ နာကျင်နေပါသည့်ခန္ဓာကိုယ်လေးက အခုတွင် ငိုရလွန်း၍ တော်တော့်ကိုပင်ပန်းကာ သူ့ရင်ခွင်ထဲတွင် အိပ်စက်နေပါတော့သည်။

My Bed Player 🚨Where stories live. Discover now