အပိုင်း (၁၁)

8.1K 227 7
                                    

၀မ်ရိပေါ်က ရှောင်းကျန့်ဘေးတွင် ၀င်လှဲလိုက်သည်ဆိုလျှင်ဘဲ အိပ်ပျော်နေသည့်ရှောင်းကျန့်ဟာ ရိပေါ်ရှိရာဘက် ပိုတိုးကပ်လာသည်ကြောင့် ရိပေါ်က သူ့လက်တစ်ဖက်အား ခေါင်းလေးအောင်လျှို၀င်ကာ အလိုက်သင့်လေး ရင်ခွင်ထဲ ထွေးပွေ့လိုက်တော့သည်။

ရှောင်းကျန့်ကလည်း ရိပေါ်ရင်ခွင်ထဲ ပို၍ တိုး၀င်ပြီး tower တစ်ထည်သာ ခါးပတ်ထားသည့်ရိပေါ်၏ ရင်ဘက်ထက် လက်လေးတင်ကာ အိပ်နေပါတော့သည်။

ရင်ခွင်ထဲတွင်နှစ်ခြိုက်စွာ အိပ်မောကျနေသူလေး၏ မျက်နှာအစိတ်အပိုင်းတစ်ခုစီကို ငေးကြည့်နေမိပြီး အသည်းယားစွာဖြင့် သိုင်းဖက်ထားသည့် ခါးကျဉ်ကျဉ်လေးအား ဖျစ်ညှစ်မိသည်အထိ။

ခင်ဗျားဒီလို လူကပ်ပုံမျိုးနဲ့ အိမ်ပြန်ရောက်ရင်
ကျုပ်တော့ အကျင့်တွေပျက်ရတော့မယ်။

ထို့နောက် ၀မ်ရိပေါ်ဟာ များများစားစားမတွေးနေတော့ဘဲ ရင်ခွင်ထဲက ခန္ဓာကိုယ်လေးအား ထွေးပွေ့ကာ အိပ်စက်လိုက်ပါတော့သည်။

__________

ဒီနေ့ဟာ သူတို့လည်ပတ်ခြင်း၏ နောက်ဆုံးနေ့ဖြစ်ပြီး မနက်ဖြန်မနက်တွင် ပေကျင်းပြန်ရ‌တော့မည်ဖြစ်သည်။

ရှောင်းကျန့်နှင့်၀မ်ရိပေါ်ဟာ လူငယ်‌လေးတွေဖြစ်သည်ကြောင့် ပေါ့ပေါ့ပါးပါးသာ ၀တ်ဆင်ထားကြပြီး ဒီနေ့တွင်လည်း သူတို့နှစ်ယောက်တည်းသာ လည်ပတ်မည်ဖြစ်သည်။

ဦးစွာပထမ Sforza Castle သို့ရောက်ရှိသွားကြပြီး ရှောင်းကျန့်ကတော့ ထုံးစံအတိုင်း ဓာတ်ပုံပတ်ရိုက်ကာ ၀မ်ရိပေါ်က‌တော့ ရှောင်းကျန့်သွားရာနောက် လိုက်ရင်း စားချင်တာတွေ့လျှင်လည်း အကုန် လိုက် ၀ယ်ကျွေးနေသည်။

သူတို့ဟာ လမ်းမတွေပေါ်လျှောက်သွားရင်း လူတွေများသည့်နေရာရောက်သည့်အခါ ရှောင်းကျန့်က ၀မ်ရိပေါ်လက်အား ဆွဲကိုင်လိုက်သည်ကြောင့် ၀မ်ရိပေါ်က သူ့လက်အားကိုင်ထားသည့် ထိုလက်ကလေးကို တစ်ချက်ငုံ့ကြည့်ကာ လက်ချောင်းတွေကို ယှက်သွယ်ရင်း ပြန်လည်ဆုပ်ကိုင်လိုက်တော့သည်။

ဒီရက်ပိုင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မရသည့်အရာတွေအား ၀မ်ရိပေါ်နူးညံ့ပြချိန်တွင် တအားကိုအခုန်မြန်သည့် နှလုံးခုန်သံကြောင့် သူ့နှလုံးသားဟာ အဖြေထွက်သွားပြီပင်။

My Bed Player 🚨Where stories live. Discover now