အပိုင်း (၁၅)

7.8K 218 11
                                    

၄နှစ်ကြာပြီးနောက်....။

______________

ထိုနေ့ဟာ ၀မ်ရိပေါ်နှင့်ရှောင်းကျန့်တို့ ဘွဲ့ယူမည့်နေ့ဖြစ်ပြီး နှစ်ဦးသားဟာ ကုန်လွန်ခဲ့သည့် အချိန်ကာလတွေအတွင်း နက်နဲလှသည့် ဆက်ဆံရေးတို့ဟာလည်း အမြစ်တွယ်နေခဲ့ပြီဖြစ်သည်။ ရှောင်းကျန့်က တက္ကသိုလ်ဒုတိယနှစ်တွင် ၀မ်ရိပေါ်အား ချစ်မိနေသည့်အကြောင်း ၀န်ခံခဲ့သော်လည်း ၀မ်ရိပေါ်ထံမှ
*မောင့် အပေါ်ခံစားချက်တွေကို အထက်တန်းကတည်းက သိပါတယ်* ဆိုသည့်စကားတစ်ခွန်းအပြင် ဘာအဖြေမှထပ်သိမလာခဲ့။

သို့သော် ၀မ်ရိပေါ်၏ အပြုအမူ၊ သူ့အားလူတွေကြားထဲမှလွဲ၍ နူးညံ့လွန်းသော အကြည့်တို့အ‌ပြော 
အဆို‌တို့က ၀မ်ရိပေါ်ထံမှ ထပ်၍ သူကြားလိုသည့်အဖြေတို့အား မရခဲ့လျှင်တောင် ၀မ်ရိပေါ်သူ့အား လက်မလွှတ်နိုင်တော့ဘူးဆိုသည့်အချက်ကတော့ သေချာနေခဲ့ပါသည်။

သူတို့ဘွဲ့ယူသည့်နေ့တွင် ၀မ်ရိပေါ်၏အဖေဟာ အလုပ်ကိစ္စကြောင့် oversea trip တစ်ခုထွက်နေချိန်ဖြစ်ပြီး ရှောင်းကျန့်အဒေါ်ကတော့ ခရီးလွန်နေခဲ့လေသည်။ သို့သော် ကောင်လေးနှစ်ယောက်ကတော့ သူတို့နှစ်ယောက်အတူရှိနေရုံနဲ့တင် ပြည့်စုံနေပြီဟု ခံစားနေရသလို ဘွဲ့၀တ်စုံလေးကိုယ်စီ၀တ်၍ ဘွဲ့လက်မှတ်လေးတွေကိုင်ကာ အတောက်ပဆုံးသော အပြုံးတွေကိုယ်စီဖြင့်။

အသက် ၂၂နှစ်ဆိုသည့်အရွယ်သည် ဆယ်ကျော်သက်အရွယ်နှင့်ယှဉ်လျှင် ကွာခြားသွားသည်က စိတ်နေသဘောထား အတွေးအခေါ်တချို့နှင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတချို့သာဖြစ်သည်။

၀မ်ရိပေါ်က ရှောင်းကျန့်အား ယခင်ကလို စကားလုံးကြမ်းကြမ်း အပြုအမူကြမ်းကြမ်းတို့ဖြင့် အနိုင်မကျင့်တော့သော်လည်း သူဟာ ရှောင်းကျန့်ငြင်းဆန်၍မရအောင်တော့ လိုချင်သည့်အရာကို အရယူတတ်နေသေးသည်။

ဥပမာ ပညာရေးတက္ကသိုလ်တက်ချင်သည့်ရှောင်းကျန့်အား သူနှင့်အတူ စီးပွားရေးတက္ကသိုလ်အတင်းတက်စေရင်း သူ့အဖေလုပ်ငန်းတွေကို လက်လွှဲယူပြီးချိန်တွင်တော့ ရှောင်းကျန့်အတွက် ကိုယ်ပိုင်ကျောင်းတစ်ကျောင်းဖွင့်ပေးမည်ဟု စဉ်းစားရင်း သူ့အ‌တွေးနှင့်သူတော့ဟုတ်နေတော့သည်။

My Bed Player 🚨Where stories live. Discover now