My Precious ~ 1

3.5K 237 44
                                    

Unicode ver...

( အပိုင်း - ၁ )

ပထမ ရှောင်းဧကရာဇ်မင်းဆက်

ရက်စက်ယုတ်မာမှုခေါင်းစဥ်အရ မင်းယုတ်မာ သရဖူ ဆောင်းထားတဲ့ ဧကရာဇ်မင်း ရှောင်းကျန့်ဟာ အဘယ္အတွက် ကြောင့်များ နယ်မြေတွေကို သိမ်းချင်နေတာလဲ မသိရပေမဲ့ ထိုသူဟာ မိမိတိုင်းပြည္ကစ အနီးအနား တိုင်းပြည်တွေထိပါ သိမ်းပိုက်ပြီး ရှောင်းဧကရာဇ်မင်းရဲ့ အင်ပါယာကြီးကို တည်ထောင်လိုက်လေသည်။

တိုင်းပြည္တစ်ခုမှာ ကိုယ္လုပ်တော် တစ္ယောက်နှုန်းနဲ့ ရှိနေတာတင်မက ပထမ အဆင့္မိဖုရားနဲ့ ဒုတိယအဆင့်မိဖုရား တတိယအဆင့်မိဖုရားဆိုပြီးလည်း ရှိပါသေးသည္။

ထိုသို့သော စည်းစိမ် ချမ်းသာတွေတင်မက လောက စည်းစိမ်အဖြာဖြာကို ပိုင်ဆိုင်ထားတဲ့ ဧကရာဇ်က အမြဲတမ်းပဲ သူ့ဘဝဟါ မပြည့္စုံဘူးလို့ ခံယူထားပြန်သည်။

သူ့ခံယူချက်က အဘယ်ကြောင့်များ ထိုသို့ ဖြစ်ရပါသနည်း။

ထူးဆန်းစွာပင် ဧကရာဇ်က စစ်ဆုံးနိုင်ငံတွေဆီက မိန်းခလေးသာ လက်ခံရခဲ့ဖူးပေမဲ့ ဒီတစ်ခေါက်မှာတော့ မိန်းမသားတွေထက် နူးညံ့သိမ်မွေ့ပြီး လှပချောမောတဲ့ ယောက်ျားပျိုတစ်ယောက်ကို လက်ခံရရှိထားလေသည္။

အားလုံးက ထိုအရာကို အထူးအဆန်းပြုလို့ စိတ်ဝင်တစား စူးစမ်းကြပါတော့သည္။

ဧကရာဇ်ကတော့ အလှလေးကို လက်ခံလိုက်ပေမဲ့ ဂရုပြုခြင်းတော့ မရှိခဲ့ပေ။

ဝမ်တိုင်းပြည်ကနေ ခေါ်လာတဲ့ ဝမ်မင်းသားလေးကို ကြင္ယာတော်ဘွဲ့အပ်နှင်းပေးပေမဲ့ ဂရုစိုက်ခြင်း မပေးကမ်းတဲ့ ဧကရာဇ် မင်းမြတ်ကြောင့် ဝမ်ကလေးဟာ မိဖုရားတွေရဲ့ နှိပ်စက်ခြင်းကို ခံရရုံတင်မက အစေအပါးတွေရဲ့ မလိုမုန်းတီးမှုတွေပါ ခံစားလိုက်ရလေသည်။

အမြဲတမ်း လိုလို ခရီးထွက်နေတဲ့ ဧကရာဇ်မင်းမြတ်ကလည်း ယိုယွင်းပျက်စီးနေတဲ့ အနောက်ဆောင်တွေကို သတိမထားမိခဲ့ပေ။

နှိပ်စက်ခံရပေမဲ့ ဧကရာဇ်မင်းမြတ် နန်းတော်မှာ ရှိတဲ့ ရက်တွေမှာ နှိပ်စက်ခြင်းဒဏ် ကင်းဝေးရတာမို့ ဝမ်မင်းသားလေးရဲ့ စိတ်ထဲမှာ ဧကရာဇ်ကို အမြဲတမ်းပဲ မျှော်မှန်းခဲ့ပါသည်။

My Precious ( ကိုယ့္ရဲ့ အဖိုးတန်လေး)Where stories live. Discover now