Unicode ver.....
( အပိုင်း ~ ၁၁ )
"ရှန်းလန် ရှင် အားကျန့်ဆီ သတင်းပို့လိုက်ပြီလား"
"ဟုတ်တယ် ရှင်မ။ ကိုယ်တို့ စစ်သည္က ရန်သူ့ဘက်ကို ထိပ်တိုက်နိုင်မှာ မဟုတ်ဘူး။ ဗျူဟာကောင်းရင်တောင် စစ်သည်တွေ ဆုံးရှုံးမှု များနိုင်မယ်။ အနက်ရောင်သံချပ်ကာတပ်က ကိုယ်နဲ့အတူ ကြီးပြင်းလာတယ်တောင် ဆိုနိုင်တယ်။ ကိုယ္သူတို့ကို လွယ်လွယ်နဲ့ စတေးမခံနိုင်ဘူး။ ကိုယ်တို့ စစ်ကူတွေ မရောက်ခင် ထိန်းတိုက်တာမျိုးပဲ အဆင်ပြေနိုင်မယ်။"
"ရှင့်ရဲ့ဆုံးဖြတ်ချက်က ကျွန်မဆုံးဖြတ်ချက်ပဲမို့ ရှင်အဆင်ပြေသလိုသာ လုပ်ပါ။ ဘယ္လိုပဲ ရှိလာပါစေ ကျွန်မက ရှင့်ဘေးနားမှာပဲ"
"သားကော ပါပါးနဲ့ မာမားနဲ့အတူတူ ရှိနေမယ်"
သားဖြစ်သူရဲ့ စကားကြောင့် ဟော့လင်မယားဟာ ကျေနပ်အပြုံးလေး ပြုံးနေပါတော့သည်။
ဟော့အိမ်တော်က ထိုသို့လူတွေ ဖြစ်သည်။ လောကကြီးနဲ့ တိုင်းပြည်ကိုသာ ကာကွယ်နိုင်ပါစေ ကိုယ္တိုင်ရဲ့ အသက်သေမှာကို မကြောက်တဲ့ သူမျိုးတွေသာဖြစ်သည္။
~
~
~
ရှောင်းမင်းကြီး မွေးနေ့မတိုင်ခင် ၉ရက်အလို~~~~ ရှောင်းမင်းကြီးဆီ ရောက်လာတဲ့ ဟော့စစ်သူကြီးရဲ့ တံဆိပ်တုံးပါတဲ့ စာတစ်စောင်~~~~'ချန်ဖန်းမှာတော့ နိုင်ခဲ့ပြီ ဒါပေမဲ့ ရန်သူ့တပ် ရှီးဖန်းဘက်မှာ အင်အားအလုံးအရင်းနဲ့ လာနေတယ်တဲ့။ နှောင့်နှေးနေရင် ရှီးဖန်းမြို့ အန္တရာယ္ ကျရောက်မှာ စိုးရတယ်။ ငါအရင်သွားကြည့်မယ္ အဆင်ပြေနိုင်ရင် တိုက်လိုက်မယ်။ အဆင်မပြေနိုင်လောက်ရင် မင်းကြီးဆီ သတင္းပို့လိုက်ပါ့မယ်။ စစ်ကူနဲ့ လက်နက်တွေ ပြင်ဆင်ထားပါ။'
ထိုစာကို လက်ခံရရှိတာနဲ့ ရှောင်းရဲ့လက်တွေက စတင္တုန်ရီလာပြီး ဝမ်ပြောသမျှ စကားလုံးတွေက နားထဲ အလုံးအရင်းဝင်လာသလို ပြန်ကြားယောင်လာလေသည်။
ထိုစာကို လက်မှာ ခပ်ကျစ်ကျစ်ဆုပ်ကိုင်လို့ ကြင္ယာတော်ဆောင်ဆီ ထွက်သွားလေတော့သည်။
YOU ARE READING
My Precious ( ကိုယ့္ရဲ့ အဖိုးတန်လေး)
Fanfictionညနက်ဘုရင် Mafia Bossတစ်ယောက် ဝတ္ထုရာဇဝင်ထဲက ကြာပန်းဖြူနေရာလေးရောက်သွားသောအခါ~~~