My Precious ~ 13

1.5K 173 17
                                    

Unicode ver.....

( အပိုင်း~ ၁၃ )

"စောက်ခလေး အစုတ်ပလုတ် လူကဖြင့် လက်တောက်လောက်လေးနဲ့ ငါ့ကို ခိုင်းစားရဲတယ်။ တွေ့အုံးမယ်ဒင်း ဟမ့် အဲ့ ဘုရင်စုတ်က အရေးပေးထားတာနဲ့လည်း ဆိုင်မယ်။ မဟုတ်ရင် ဒီအစုတ်ပလုတ်လေးက ဒီလေါက် ရဲတင်းမှာတဲ့လား"

"မကျေနပ်ဘူးဆိုပါတော့ "

"အမေ့!! အိုက်ယား! ရှောင်းဖေးလျို!!"

"~~~~~"

"ငါ့လိပ်ပြာတွေ လွင့်ကုန်တော့မယ်ကွ!"

သူလာတာကို သတိမမူမိပဲ ပြောချင်ရာတွေ လျှောက်ပြောနေတဲ့ ကြင်ယာတော် အထူးသဖြင့် သူ့ကို ကျိန်ဆဲနေတဲ့ ကြင်ယာတော်ကိုကြည့်ပြီး ဖေးလျိုလေးက ခိုးရယ်လေသည်။

သူစကားပြောလိုက်တော့ ရင်ဘတ်ကိုဖိပြီး လန့်သွားပုံက အူယားစရာ။ သူ့ကို ပြန်အော်နေတာကလည်း စွာစိလန်။ ထူးတော့ထူးနေပြီ ဦးငယ်တော့။

"မင်းမပြောမဆိုနဲ့ ဝင်လာရလားကွ"

"ကျွန်တော့်ဘာသာ ဝင်လာချင်တာ ခင်များကို လျှောက်တင်နေရအုံးမှာလား။ ရေချိုးတော့မယ် အဝတ်ချွတ်ပေးလေဗျာ"

ရေချိုးကန်ဘေးက ခုံမှာထိုင်ချရင်း လေသံမာမာနဲ့ ပြောနေတဲ့ ဟာလေးကို မျက်စောင်းတွေ လိမ့်ထိုးပေးရင်း ပြုံးစိစိဖြစ်ချင်နေတဲ့ မျက်နှာကို လျစ်လျူရှူ့ပြီး ထိုဟာလေးကို ဝတ်ရုံချွတ်ပေးဖို့ လုပ်လိုက်ရလေသည်။

"လာ မြန်မြန်ချွတ် မြန်မြန်ချိုး မြန်မြန်ပြီးမှ ငါ့ယောက်ျားနားကပ်လို့ရမှာ ဒင်းကြောင့် သူ့မျက်နှာတောင် ကောင်းကောင်းမကြည့်ရသေးဘူး"

"အ့!"

ဝမ်စကားကြောင့် ဖေးလျိုက သဘောတကျ ပြုံးသွားပေမဲ့ ဝမ်ရဲ့ အကျီင်္ီကို ကဆောင့်ကအောင့် ဆွဲချွတ်မှုကြောင့် ဖေးလျိုရဲ့ လက်မောင်းက ရှရာက သွေးတွေပါ စိမ့်ထွက်လာလေသည်။

"ဘာ ဘာဖြစ်တာလဲ! ဒဏ်ရာရလာတာလား"

သူ့ကို ပွစိပွစိ လုပ်နေတုန်းကနဲ့ မတူစွာ စိုးရိမ်တကြီးနဲ့ ကြည့်လာတဲ့ ကြင်ယာတော်ကြောင့် ဖေးလျိုရဲ့ရင်ထဲမှာ ကြင်ယာတော်ရဲ့ စိုးရိမ်တဲ့ ပုံစံက သူ့အမေနဲ့ တစ်ပုံစံတည်းပဲလို့ ချက်ချင်းခံစားရလေတော့သည်။

My Precious ( ကိုယ့္ရဲ့ အဖိုးတန်လေး)Where stories live. Discover now