My Precious ~ 4

2K 218 46
                                    

Unicode ver.....

( အပိုင်း ~ ၄ )

ထမင်းကို အားရပါးရ ငုံ့စားနေတဲ့ ရှောင်းကို ဝမ်က အားမနာစတမ်းပဲ မှေးလေးထောက်လို့ ထိုင်ကြည့်နေလိုက်လေသည္။

တကယ္ပါ အလှလေးက  ရှူ့မဝလိုက်တာ။

ရှောင်းတစ္ယောက္ ကောင္းကောင္းစားနေတုန်း တစ်ယောက်ယောက်က စူးစိုက်ကြည့္နေသလို ခံစားရတာကြောင့္ ခေါင်းမော့ကြည့္တော့ သူ့ကို မှေးလေးထောက်ပြီး ရွမ်းရွမ်းစားစားကြည့္နေတဲ့ ကြင်ယာတော်နဲ့ ဆုံလေတော့~~~~~

"အဟွတ်! အဟွတ်! ဟွတ်!"

"​ဟီး~~~"

သူသီးတော့ သူ့နှုတ်ခမ်းနားထိ ရေခွက်လေးကမ်းပေးလာပြီး ဟီးခနဲ ရယ်ပြလာတဲ့ ဝမ်ကြောင့် ရှောင်းမှာ ယောင္ယမ်းပြီးသာ ရေကိုမော့ချလိုက်မိလေသည်။ အင်းသူလေးကိုင်ထားတဲ့ ခွက်ထဲကို ယူသောက်လိုက်တာဖြစ်သည္။

ရည်ရွယ်သလား မရည်ရွယ်သလားမသိပေမဲ့ ကြင်ယာတော်ကတော့ ဧကရာဇ်ကို ရေလေးခွွံ့ပြီးသွားပြီဖြစ်သည္။

ရေသောက်နေရင်းကနေ မျက်ဝန်းလှလှလေးတွေနဲ့ သူ့ကို ကြည့်လာတဲ့ မင်းကြီးကြောင့် ဝမ့်ခင်မျာမှာ အံ့သြနေရင်းကနေ ယောင်ယမ်းပြီး မျက်လွှာလေး ချမိသွားလေသည်။

သူမသိတဲ့ချိန် ငေးလို့ ကောင်းသလောက် သူပြန်စိုက်ကြည့်ရင်တော့ ဝမ်ကလေးက မခံနိုင်ပါ။ သူပြန်စိုက်ကြည့်လိုက်ရင် ဧကရာဇ်က သူ့ခန္ဓာကိုယ်တစ်ခုလုံးဖောက်ဝင်တော့မတတ်စိုက်ကြည့်နေတယ်လို့ ခံစားရတာကြောင့် သူမျက်လွှာချနေလိုက်ဖို့တာ ရွေးချယ်လိုက်ရလေသည္။

ဝမ်ရိပေါ်က ကိုယ့္ကိုယ္ကို Mafia Bossဆိုတာ မေ့သွားတဲ့ အခိုက်အတန့်တွေ​ေပေါ့။ သူတို့ Bossက ဒီလိုမှန်းသာသိရင် တပည့်( ခေတ်သစ်က ဂိုဏ်းသား) တွေကတော့ သူတို့Bossကို အစားထိုးထားတယ်ဆိုပဲ ဝိုင်းရိုက်ကြမလားပါပဲ။

သူရေသောက္ပြီးတာ​တောင္ ရေခွက်လေးကိုင်ပြီး ငိုင်နေတဲ့ ဝမ်ကြောင့် ရှောင်းက ဝမ်မျက်နှာရှေ့ လက်ဖျောက်တစ်ချင်တီးပြီး~~~~

"လိပ်ပြာတွေ ပြန်မိရဲ့လား"

"ဗျာ~~~~"

"သြော် ကိုယ္က မင်းလိပ်ပြာတွေလွင့်နေတာကို လိုက်ဖမ်းနေတယ်ထင်နေတာ။ နေ့လည်စာအတွက် ကျေးဇူးတင်ပါတယ် နောက်တစ်ခါဆို လုပ်မလာလည်းရပါတယ်"

My Precious ( ကိုယ့္ရဲ့ အဖိုးတန်လေး)Where stories live. Discover now