My Precious ~ 3

2.1K 230 27
                                    

Unicode ver.....

( အပိုင်း ~ ၃ )

ရိပေါ်တစ်ယောက် မှန်တင်ခုံရှေ့မှာထိုင်ပြီး သူ့ရဲ့ လက်ချောင်းလေးတွေကို ဆုပ်လိုက် ဖြန့်လိုက်နဲ့ သေသေချာချာကို ကြည့်နေမိလေသည်။

မျက်နှာကတော့ ငါ့မျက်နှာပါပဲ ဘာဖြစ်လို့ ဒီလက်ချောင်းလေးတွေက ရှည်တွယ်တွယ္လေး ဖြစ်နေရတာလဲ။ နူးညံ့အိစက်နေတာပဲ တကယ့္ကိုပဲ ဝမ်ရိပေါ်က စာရေးသူဖော်ပြထားသလို ချောမောလှပနေတော့တာပဲ အဟီး။

အို နောက်များဆိုရင်တော့ ကိုခန့်ချောကြီး ဖြစ်တော့မှာပါ။ မင်းက နူးနူးညံ့ညံ့လေးမှန်းငါသိပါတယ် ဝမ်ရိပေါ်ရယ် ဒါပေမဲ့လေ ဒီလိုမျိုးသာ ကြာကြာနေရရင် ငါရူးသေမလားမသိဘူး။ အဲဒီတော့ ငါက နည္းနည်းတော့ ပြောင်းချင်နေတာ မင်းသိလား။ ဒါပေမဲ့ မင်းစိတ်ချပါ မင်းစိတ်နာတဲ့သူတွေကို ငါက သင်ခန်းစာတွေရအောင် လုပ်ပေးမှာပါ။

ဟင်း~~~ ဟင် ဒါက ဘာယွန်းဗူးလေးပါ
လိမ့်။

အတွေးတွေများပြီး သက်ပြင္းလေးချနေတဲ့ ဝမ်ရိပေါ်က မှန်တင်ခုံတောင့်နားက ယွန်းဗူးလေးတစ်ခုကို တွေ့သွားတာကြောင့် ဖွင့်ကြည့်လိုက်တော့မှ သစ်သားကို ခပ်ပါးပါးလေးနဲ့ အဆောင်ပုံသဏ္ဍာန်သေတ္တာလေးတစ္ခု အထဲမှာတော့ အင်းရွက်လိုလို ဂါထာလိုလို ဝါကျင္ကျင် စာရွက်တစ်ခုက ရှိနေလေသည်။

ဒါက ဘာတွေလဲ။

"မင်းသားလေး မင်းကြီးကို ပေးတော့မလို့လား။ "

"ဟင် ဘာကို"

သူအတွေးများနေတုန်း ရွယ္ယမ်က ရောက်လာပြီး ထိုသို့ဆိုလာတာကြောင့် နားမလည်တဲ့ ဝမ်က မေးမြန်းသလို ရေရွတ်လေတော့။ ရွယ်ယမ်က~~~~~

"မင်းသားပဲပြောတော့ မင်းသားက ဒီဘေးရန်ကင္း အဆောင်လေးကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ မင်းသားရဲ့ အိမ်ထောင်ဖက် ဖြစ်လာသူကို ပေးမယ္ဆို"

"~~~~~"

"ဧကရာဇ်က မင်းသားရဲ့ ယောက်ျားမဟုတ်လား။ အဲဒီတေါ့ အိမ်ထောင်ဖက်ပဲလေ။ ဒါကြောင့် ကျွန်တော်က မင်းသား ဧကရာဇ်ကို ပေးမယ္ ထင်သွားတာပါ"

My Precious ( ကိုယ့္ရဲ့ အဖိုးတန်လေး)Where stories live. Discover now