(၀)

1.4K 63 6
                                    

Unicode

ယွင်လင်က 'ကမ္ဘာပျက် ကပ်ဘေး' ဟူသည့် ဂိမ်းတစ်ခုကို စမ်းသပ်ကစားရမည့် Public Beta Test ပွဲသို့ ဖိတ်ကြားခံခဲ့ရသည်။ အဆုံးတွင် သူမက ရက်ပေါင်းတစ်ရာ အောင်မြင်စွာ အသက်ရှင်နိုင်ခဲ့ပြီး 'အရှင်သခင်လက်မှတ်' ၊ 'အသက်ရှင်သန်မှုစွမ်းရည်ထိန်းသိမ်းခြင်း' နှင့် 'S အဆင့်စွမ်းရည်' တို့ကို ဆုလာဘ်များအ​ဖြစ် ရရှိခဲ့သည်။

ဂိမ်းကို စမ်းသပ်ကစားခြင်း ပြီးဆုံးသည့်အခါ သူမက ဂိမ်းကို တရားဝင်ထုတ်လာရန် မျှော်လင့်တကြီး စောင့်စားနေခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ကမ္ဘာကြီးက ဂိမ်းအသွင်ကူးပြောင်းသွားခဲ့လေသည်။


ယွင် - ရှင်သန်မှုစွမ်းရည်ထိန်းသိမ်း​ခြင်းကစားသမားလေး - လင်က သူမ တခြား ဘာလုပ်နိုင်မှာလဲဟု တွေးလိုက်သည်။ ပုံမှန်အတိုင်း ဆက်လုပ်သွားရုံပဲ ရှိတာပေါ့။

ကျွမ်းကျင်ငါးဖမ်းခြင်း၊ ကျွမ်းကျင်မွေးမြူခြင်း၊ အဆင့်မြင့်အပ်ချုပ်ပညာ၊ အဆင့်မြင့် အချက်အပြုတ်ပညာ။ သူမလက်ထဲ၌ ဘဝတလျှောက်အသုံးပြုနိုင်မည့် ပညာရပ်ပေါင်းများစွာ ရှိလေသည်။ သူမက စပါး၊ ပြောင်း၊ ဂျုံ အစေ့အဆန်များ သိုလှောင်ခြင်း၊ ထုတ်လုပ်ရေးလုပ်ငန်း ထူထောင်ခြင်း၊ တပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ အဆောက်အဦးများ တည်ဆောက်ပြီး သူမ၏ နယ်မြေကို ဖျက်ဆီး၍ မရနိုင်သော သံမဏိခံတပ်အဖြစ် ပြောင်းလဲပစ်လိုက်ပေသည်။

MC - ယွင်လင်
ML - လုချွမ်း

*********

Zawgyi

ယြင္လင္က 'ကမ႓ာပ်က္ကပ္ေဘး' ဟူသည့္ ဂိမ္းတစ္ခုကို စမ္းသပ္ကစားရမည့္ Public Beta Test ပြဲသို႔ ဖိတ္ၾကားခံခဲ့ရသည္။ အဆုံးတြင္ သူမက ရက္ေပါင္းတစ္ရာ ေအာင္ျမင္စြာ အသက္႐ွင္ႏိုင္ခဲ့ၿပီး 'အ႐ွင္သခင္လက္မွတ္' ၊ 'အသက္႐ွင္သန္မႈစြမ္းရည္ထိန္းသိမ္းျခင္း' ႏွင့္ 'S အဆင့္စြမ္းရည္' တို႔ကို ဆုလာဘ္မ်ားအ​ျဖစ္ ရ႐ွိခဲ့သည္။

ဂိမ္းကို စမ္းသပ္ကစားျခင္း ၿပီးဆုံးသည့္အခါ သူမက ဂိမ္းကို တရားဝင္ထုတ္လာရန္ ေမွ်ာ္လင့္တႀကီး ေစာင့္စားေနခဲ့သည္။ သို႔ေသာ္ မေမွ်ာ္လင့္ဘဲ ကမ႓ာႀကီးက ဂိမ္းအသြင္ကူးေျပာင္းသြားခဲ့ေလသည္။

ယြင္ - ႐ွင္သန္မႈစြမ္းရည္ထိန္းသိမ္း​ျခင္းကစားသမားေလး - လင္က သူမ တျခား ဘာလုပ္ႏိုင္မွာလဲဟု ေတြးလိုက္သည္။ ပုံမွန္အတိုင္း ဆက္လုပ္သြား႐ုံပဲ ႐ွိတာေပါ့။

ကြၽမ္းက်င္ငါးဖမ္းျခင္း၊ ကြၽမ္းက်င္ေမြးျမဴျခင္း၊ အဆင့္ျမင့္အပ္ခ်ဳပ္ပညာ၊ အဆင့္ျမင့္ အခ်က္အျပဳတ္ပညာ။ သူမလက္ထဲ၌ ဘဝတေလွ်ာက္အသုံးျပဳႏိုင္မည့္ ပညာရပ္ေပါင္းမ်ားစြာ ႐ွိေလသည္။ သူမက စပါး၊ ေျပာင္း၊ ဂ်ံဳ အေစ့အဆန္မ်ား သိုေလွာင္ျခင္း၊ ထုတ္လုပ္ေရးလုပ္ငန္း ထူေထာင္ျခင္း၊ တပ္ဖြဲ႕မ်ား ဖြဲ႕စည္းျခင္း၊ အေဆာက္အဦးမ်ား တည္ေဆာက္ၿပီး သူမ၏ နယ္ေျမကို ဖ်က္ဆီး၍ မရႏိုင္ေသာ သံမဏိခံတပ္အျဖစ္ ေျပာင္းလဲပစ္လိုက္ေပသည္။

MC - ယြင္လင္
ML - လုခြၽမ္း

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now