(၇) လှုပ်ရှားမှုပြုလုပ်ခြင်း

162 26 4
                                    

Unicode

ယွင်လင်၏ အဆောက်အဦးက မြို့မြောက်ပိုင်းတွင် တည်ရှိပေသည်။ ၎င်းသည် မြို့လယ်ခေါင်နှင့် ဝေးသည့်အတွက် အလွန် ဆူညံခြင်းနှင့် စည်ပင်တိုးတက်ခြင်းမျိုး မရှိသော်လည်း ရှင်သန်နေထိုင်ရန် လိုအပ်သည့် အရာအားလုံး ရှိပေသည်။

သူမတွင် သူမအမည်နှင့် အိမ်နှစ်လုံးရှိသည်။ တစ်လုံးကို သူမ နေထိုင်ပြီး နောက်တစ်လုံးကို အခြားသူထံ ငှားရမ်းထားသည်။ သူမသည် ပုံမှန်အားဖြင့် အသုံးအဖြုန်းကြီးမားသူ မဟုတ်လေရာ အိမ်ငှားခက သူမ အသက်ရှင်နေထိုင်ရန် ကောင်းစွာ လုံလောက်ပေသည်။

ကမ္ဘာပျက်ကပ်က ဤကဲ့သို့ ရောက်ရှိလာသည်မှာ နှမြောစရာကောင်းလှသည်။ သူမ၏ ငြိမ်းချမ်းနေသော ဘဝလေးက ရုတ်တရက် ပျက်စီးသွားရလေသည်။


ယွင်လင်က အိမ်ရာဂိတ်တံခါးကို ဝင်လိုက်သည်နှင့် ထောင့်မှ မှင်စာတစ်ကောင် ခုန်ထွက်လာပြီး တင်းပုတ်ကြီးနှင့် သူမကို လွှဲယမ်းတိုက်ခိုက်လိုက်သည်။

ဒိုင်းကာကို မြှောက်၍ တန်ပြန်တိုက်ခိုက်ခြင်းက တပြိုင်တည်း ဖြစ်ပျက်သွားသည်။


[အမည် - ဝန်းဝိုင်းသောဒိုင်းကာ]


အရည်အသွေး - သာမန်


အသုံးပြုအကျိုးသက်ရောက်မှု - လက်ခံရရှိသည့် ထိခိုက်ပျက်စီးစေမှုကို (-2) လျှော့ချ။


ယွင်လင်က ကြည့်လိုက်သည်။ မှင်စာထံမှ တိုက်ခိုက်မှုတစ်ခုချင်းစီက HP ခုနစ်မှတ်ရှစ်မှတ်ခန့် လျော့ကျသွားစေသည်။


သူမတွင် S အဆင့်စွမ်းရည် 'အဆိပ်ဆူး' ရှိနေသည့်အတွက် သူမ တိုက်ခိုက်မှုတစ်ကြိမ် ခံရတိုင်း Damage ၏ လေးမှတ်လောက်က တိုက်ခိုက်သူထံ တန်ပြန်သွားမည် ဖြစ်သည်။ အကယ်၍ သူမက ဝန်းဝိုင်းသောဒိုင်းကာနှင့် ထပ်၍ ရိုက်နှက်ုမည်ဆိုလျှင် အပိုထိခိုက်ပျက်စီးစေမှုကို ဖန်တီးနိုင်ပေလိမ့်မည်။

အကြိမ်ရေများစွာ တိုက်ခိုက်ပြီးနောက် မှင်စာက မြေပြင်သို့ လဲကျသွားခဲ့သည်။ တစ်ချိန်တည်းတွင် ကြေးနီပြား ၄ ပြားနှင့် ပိုးချည်မျှင်လုံးတစ်လုံးက လေထဲတွင် ပေါလောပေါ်နေခဲ့၏။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now