(၆) S အဆင့်စွမ်းရည်

198 25 9
                                    

Unicode

ယွင်လင်က တိတ်တိတ်ကလေး အဝေးသို့ ရွှေ့သွားခဲ့သည်။

မသိမသာနှင့် သူတို့နှစ်ယောက်ကြားတွင် အကွာအဝေးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုလူက ပုံမှန်မဟုတ်သည့် အပြုအမူတစ်ခုခုလုပ်လာလျှင် သူမက စကားတစ်ခွန်းမှ မဆိုဘဲ အလျင်အမြန် လှည့်ကာ ထွက်ပြေးလိမ့်မည်ဖြစ်သည်။

ထိုလူက ဂရုမစိုက်ဘဲ ကတ်ကို သွားကာ စစ်ဆေးလိုက်သည်။ တခဏကြာပြီးနောက် သူက နှမြောတသဖြစ်စွာ ပြောလိုက်သည်။ "အဆိပ်ဆူး၊ S အဆင့် အနီးကပ်တိုက်ခိုက်မှုစွမ်းရည်၊ ငါ့အတွက် မသင့်တော်ဘူး။"


ယွင်လင်က ခြေလှမ်းများကို ရပ်လိုက်သည်။ "ငါ လိုချင်တယ်။"


"ကတ်က မင်းအတွက်၊ ကျလာတဲ့ပစ္စည်းတွေက ငါ့အတွက်လား။"(1)


ယွင်လင်က ပြောလိုက်သည်။ "ကောင်းပြီ။"

သဘောတူညီမှုရပြီးနောက် ထိုလူက အလျင်အမြန်ထွက်ခွာသွားပြီး တုတ်ချောင်းကိုပင် ပြန်မတောင်းခဲ့ပေ။ သူမသည် သူက မေ့သွား၍လား မလိုအပ်ဟုတွေးမိသောကြောင့်လား မသိခဲ့ပေ။


သူအဝေးသို့ ရောက်သွားပြီးနောက် ယွင်လင်က ကတ်ကို ကောက်ယူကာ အသုံးပြုမှုအား အတည်ပြုလိုက်သည်။


[အမည် - အဆိပ်ဆူး (Passive စွမ်းရည်)(2)

အရည်အသွေး - S အဆင့်။

စကေးလ်သက်ရောက်မှု - တိုက်ခိုက်မှုခံရသောအခါ ထိခိုက်ပျက်စီးစေမှု(Damage) ငါးဆယ်ရာခိုင်နှုန်း တန်ပြန်သက်ရောက်စေနိုင်။]

"မွန်းစတားတွေကို တိုက်ခိုက်တာမှာ ကျွမ်းကျင်ပြီး အသုံးအဆောင်ပစ္စည်းတွေနဲ့ ရင်းနှီးနေတယ်။ သူက Beta ရှင်ကျန်ရစ်သူတစ်ယောက်လား။" ယွင်လင်က ခန့်မှန်းလိုက်သည်။

သို့သော် ထိုလူက ထွက်ခွာသွားပြီဖြစ်သောကြောင့် သူမ၏ မေးခွန်းက အဖြေမရှိဘဲ ဖြစ်သွားရသည်။


"ကိစ္စမရှိပါဘူး။ သူနဲ့ တွေ့ခဲ့တာ ကောင်းတဲ့ကိစ္စပဲ။ ငါက ဒိုင်းကာနဲ့ တန်ပြန်စကေးလ်တစ်ခု ရလိုက်တယ်။ ငါ့ဘာသာငါဆိုရင် မြန်မြန်ဆန်ဆန် တိုးဝင်သွားပြီး တိုက်ခိုက်မှုလုပ်ပြီးတာနဲ့ ထွက်ပြေးရလိမ့်မယ်။"

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now