(၁) Public Beta

599 39 4
                                    

Unicode

အက်သံတစ်ချက်နှင့်အတူ ရွာအပြင်ဘက်ရှိ ကြည်လင်သော ကာကွယ်ရေးဒိုင်းအလွှာက ရုတ်တရက် ပြိုကွဲသွားခဲ့သည်။


ရှင်းထုန်က သူမ၏ ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး စိတ်ထဲ၌ ဆဲရေးလိုက်သည်။ နောက်ထပ် မိနစ်သုံးဆယ်ခန့်ဆိုလျှင် အစမ်းဆော့ကစားသည့် အချိန်ကာလ ပြီးဆုံးတော့မည် ဖြစ်သည်။ ဤအချိန်ကျမှ မည်သည့်အတွက်ကြောင့် ထိုလုံခြုံရေးဇုန်က ဗွေထဖောက်ရပါသနည်း။


ကာကွယ်ရေးဒိုင်းအလွှာက ကျိုးပျက်သွားပြီး မွန်းစတားငယ်များက အော်မြည်ဟိန်းဟောက်ရင်း သူတို့ထံ စိတ်လှုပ်ရှားစွာဖြင့် တိုးဝင်လာကြသည်။


ရှင်းထုန်က အခြေအနေကို လေ့လာရန် ခေါင်းအား ဆန့်ထုတ်ကာ ကြည့်လိုက်သည်။


သူမ၏ ဘယ်ဘက်တည့်တည့်တွင် နွားရိုင်းလူသားတစ်ကောင်က ၎င်း၏ တင်းပုတ်ကို လွှဲယမ်းရင်း အချက်ရေအနည်းငယ်နှင့် အဆောက်အဦးတစ်ခုကို ဖျက်ဆီးပစ်လိုက်သည်။


သူမ၏ ညာဘက်ရှေ့နားတွင် အချိန်မီ မရှောင်တိမ်းလိုက်နိုင်သည့် ကစားသမားတစ်ဦးရှိပြီး ကြီးမားသည့် နကျယ်ကောင်အုပ်လိုက်ကြီးက သူ့ကို ဝန်းရံထားခဲ့သည်။ ၎င်းတို့က အမြီးများဖြင့် တပြိုင်တည်း ရိုက်ချလိုက်ကြသည့်အခါ ထိုကစားသမားမှာ နောက်ဆုံးအနေနှင့် ဆဲရေးမှုလေးသာ ပြုလုပ်လိုက်နိုင်ပြီး ဂိမ်းထဲမှ ပျောက်ကွယ်သွားတော့သည်။

ရှင်းထုန်သည် ထိုကစားသမားက သုတ်သင်ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်ပေသည်။

"VR ဂိမ်းတွေကို ငါးနှစ်လောက်ဆော့လာခဲ့တာ ဒီ 'ကမ္ဘာပျက် ကပ်ဘေး' ထက် စိတ်ဝင်စားစရာကောင်းပြီး အစစ်အမှန်ဆန်တဲ့ ရှင်သန်ရေးဂိမ်းမျိုး လုံးဝ မဆော့ခဲ့ဖူးဘူး။" ဤဂိမ်းကို စမ်းသပ်ဆော့ကစားရန် ဖိတ်ခေါ်ခံရစဥ်က စနစ်သည် ဂိမ်းထဲ၌ ရက်တစ်ရာရှင်သန်နိုင်ခဲ့လျှင် ထိုကံကောင်းသည့် ကစားသမားက ထင်မှတ်မထားလောက်သည့် ဆုလာဘ်များစွာကို ရရှိလိမ့်မည်ဟု ပြောခဲ့ပေသည်။ သူမက ရှင်သန်နိုင်အောင် ကြိုးစားရပေလိမ့်မည်။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Where stories live. Discover now