(၂) Public Beta

271 27 28
                                    

Unicode

ရှင်းထုန်က သူမကိုယ်သူမပင် ဂရုမစိုက်နိုင်လေရာ တစ်ဖက်လူကို လက်ခံလာအောင် ဖျောင်းဖျရမည်အား အလွန်ပျင်းရိနေခဲ့သည့်အတွက် သူမဘာသာ ထွက်ပြေးသွားခဲ့လေသည်။ အချိန်တချို့ကြာပြီးနောက် သူမ၏ ခံနိုင်ရည် အားလုံးက Zero ဖြစ်သွားခဲ့သည်။နောက်တခဏတွင် သူမက အနားယူရန် ရွေးချယ်လိုက်သည့်နေရာ၌သာ ရပ်နေရန် ဖိအားပေးခံရတော့သည်။

သွားပြီပဲ။ ရှင်းထုန်က စိတ်ဓာတ်ကျလာခဲ့သည်။

ကြာချိန်က ဆက်လက်ရေတွက်နေဆဲ ဖြစ်သည်။

ဆယ်မိနစ်ကျန်သေးသည်။

ငါးမိနစ်ကျန်သေးသည်။

သုံးမိနစ်ကျန်သေးသည်။

Beta Test က ပြီးဆုံးခါနီးလာသော်လည်း ကျောက်တုံးလူသားက ထွက်မလာသေးပေ။

ထူးဆန်းလိုက်တာ။ Boss က ဘယ်ရောက်သွားပါလိမ့်။ ရှင်းထုန်က အလွန် ဇဝေဇဝါ ဖြစ်​နေခဲ့၏။


ဆယ်မိနစ်ကျော်အောင် အနားယူပြီးနောက် သူမ၏ ခံနိုင်ရည်အားတချို့ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နောက်သို့ ဂရုတစိုက် ပြန်လျှောက်သွားခဲ့သည်။


သိပ်မကြာခင်မှာပင် သူမက တိုက်ခိုက်သံတို့ကို ကြားလိုက်ရပေသည်။ သူမက ချက်ချင်းပင် တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်သွားခဲ့ကာ ဂရုတစိုက်နှင့် ရှေ့သို့ လျှောက်သွားခဲ့သည်။


ရှင်းထုန် ထိုအနီးသို့ရောက်သည့်အခါ ဆွံ့အသွားရလေသည်။ ထိုနေရာတွင် ကျောက်တုံးလူသားက Player တစ်ယောက်နှင့် တိုက်ခိုက်နေခဲ့သည်။


ကြယ်ကြွေမိုး။


လျှပ်စီးအလျင်။


ကြမ်းကြုတ်လက်သီး။

Boss က တိုက်ခိုက်ရန် တိုက်ကွက်များအားလုံးကို အသုံးပြုလိုက်သည်။


သို့သော် ပြိုင်ဘက်က တာဝါအကာအကွယ်တစ်ခု၏ နောက်တွင် ပုန်းကွယ်နေကာ မည်သည့် အထိအခိုက်မှ မရှိပုံရ​လေသည်။ ပိုပြီး အံ့သြဖွယ်ကောင်းသည်မှာ ထိုကစားသမားက သူမ၏ ဘယ်ဘက်လက်တွင် ဒိုင်းကို ကိုင်ထားပြီး ညာဘက်လက်ဖြင့် အိတ်ထဲမှ ပြန်လည်ကုသပေးနိုင်သည့် အစားအစာမျိုးစုံကို ထုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့်နေခဲ့ပေသည်။

ကမ္ဘာပျက်ကပ်၏ အရှင်သခင်မလေး (ဘာသာပြန်)Onde as histórias ganham vida. Descobre agora