Part - 1

782 47 0
                                    

" အငယ်လေး နွေဦးမောင် "

" ဟုတ် Daddy "

" ဒယ်ဒီ့အသည်းတုံးရဲ့ On Air အစီအစဥ်လာပြီ "

" မင်္ဂလာညချမ်းလေးပါရှင် " စိမ့်စမ်းညို "On Air studio မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင် ကျွန်မ စိမ့်စမ်းညို "

" အရမ်းကြိုက်တာပဲ အဲ့ဒီအသံလေး ဒယ်ဒီအဲ့ဒီအမျိုးသမီးနဲ့တွေ့ချင်လိုက်တာ အပြင်မှာတကယ်တွေ့ရရင် "

" တွေ့ရမှာပေါ့ သမီးရဲ့ "

" ဘယ်လိုကူညီမှာလဲ သမီးကို "

" သမီးကိုမကူညီခင် ဒယ်ဒီ့ကိုအရင်ကူညီ "

" မာမီ့ဆီသွားခိုင်းရုံကလွှဲရင်အကုန်လုပ်ပေးနိုင်တယ်ကြိုက်တာပြော "

" နွေဦးမောင် ကလေးလည်းမဟုတ်တော့ဘူးတစ်ခါလောက်ဖြစ်ဖြစ်သမီးမာမီနဲ့သွားတွေ့ပေးပါ တစ်ခါတည်းပါ သမီးငယ်ရဲ့ "

" ဟင့်အင်း လုံးဝပဲ "

" နွေဦးမောင် "

" ဒယ်ဒီ မာမီကသမီးတို့ကိုစွန့်ပစ်ခဲ့တာနော်ဘဝကို 0 ကနေသေအောင်ပြန်ရုန်းကန်ခဲ့ရတာဒယ်ဒီအသိဆုံးပါ ခုထိဟိုမိန်းမ..မာ မာမီ့ကိုစိတ်မနာနိုင်သေးဘူးလား နင့်နေအောင်ချစ်နေတုန်းပဲလား "

" သမီး အချစ်ဆိုတာကိုနားမလည်သေးလို့ပါ ပြီးတော့မချစ်တတ်သေးလို့ပါ နောက်ကျသမီးချစ်တတ်သွားခဲ့ရင်နားလည်လာပါလိမ့်မယ် သမီးသွားမတွေ့ချင်လည်းနေပါတော့ ဒယ်ဒီအတင်းဖိအားမပေးတော့ပါဘူး "

" ဒီနေ့ကတော့ဒီလောက်နဲ့ပဲနှုတ်ဆက်ပါရစေအားလုံးပဲကောင်းသောညလေးဖြစ်ပါစေရှင် ကျွန်မ စိမ့်စမ်းညိုပါ "

" တွေ့လာ ဒယ်ဒီ့ကြောင့်အန်တီစိမ့်စမ်းညိုလေးရဲ့အစီအစဥ်လွတ်သွားပြီ FMကနေပြန်ချိတ်ရတော့မယ် "

" ကဲပါ ကောက်စိန်ရေ i'm sorry darling ဒယ်ဒီအိပ်နှင့်ပြီ Good night ပါဗျာ "

သမီးဖြစ်သူခေါင်းကိုနမ်းရှုံ့ကာအပေါ်တက်သွားသည်။နွေဦးမောင်သည်မိခင်အကြောင်းတစ်ခါပြောတိုင်းလေးလံပြီးထိုင်းမှိုင်းနေတတ်တဲ့ဖခင်ကိုကြည့်ပြီးသက်ပြင်းချမိသည်။

Secret Love On AirWhere stories live. Discover now